Main menu

Background

မိုးရွာသွန်းမှုကြောင့် မလေးရှားစားအုန်းဆီထုတ်လုပ်မှု ထိခိုက်သဖြင့် စားအုန်းဆီဈေးတက်

Wed, 12/18/2013 - 05:53 -- ydnar

မိုးရွာသွန်းမှုကြောင့် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုမှာ ဒုတိယနေရာကို ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံရဲ့ စားအုန်းဆီထုတ်လုပ်မှုကျဆင်းမယ်လို့ ခန့်မှန်း ကြတဲ့အတွက် စားအုန်းဆီဈေးက ဒီဇင်ဘာ ၁၁ ရက် ဗုဒ္ဓဟူးနေ့မှာ ပြန်လည် မြင့်တက်ခဲ့ကြောင်း ဘလွမ်းဘတ်သတင်းမှာ ဖော်ပြထားပါတယ်။ ဘာဆာမလေးရှားကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလအတွက် စားအုန်းဆီကြို ရောင်းဈေးက ၁ ရာခိုင်နှုန်း မြင့်တက်ပြီး၊ မက်ထရစ်တစ်တန်ကို ၂၆၅၇ ရင်းဂစ် (၈၂၃ ဒေါ်လာ)နှုန်းရှိခဲ့ပါတယ်။

နေ့လည်ပိုင်း ဈေးကွဲချိန်မှာ တစ်တန်ကို ၂၆၄၆ ရင်းဂစ်နှုန်းပြန်ဖြစ်သွားပါတယ်။ မလေးရှား စားအုန်းဆီကြိုရောင်းဈေးက ယခုနှစ် မှာ၈ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်အတွင်း နှစ်အလိုက် တိုး တက်မှုနှုန်း ပထမဆုံး မြင့်မားခဲ့တာဖြစ်ပါတယ်။ နေရာကျဲကျဲမိုးသက်မုန်တိုင်းတွေ ဆာဘား၊ ဆရာဝပ်နဲ့ ဂျိုဟိုးဒေသ တွေ မှာ ဖြစ်ပွားမယ်လို့ ဒီဇင်ဘာ ၁၈ ရက်နေ့က မလေးရှား မိုးလေဝသဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ၇ ရက်အတွက် မိုးလေဝသခန့်မှန်းချက်အဖြစ် တင်ပြထား ပါ တယ်။ ဒီပြည်နယ်သုံးခုက စားအုန်းဆီအများဆုံး စိုက်ပျိုးရာ နယ်မြေတွေဖြစ်ပါ တယ်။ စားအုန်းဆီ ထုတ်လုပ်မှုက နိုဝင်ဘာလ မတိုင်မီလနဲ့ နှိုင်းယှဉ်ပါက ၅ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းပြီး၊ တန် ၁ ဒသမ ၈၆ သန်းထိ ကျဆင်းမယ်လို့ မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။ စားအုန်းဆီအရန်သိုလှောင်မှုက အောက်တိုဘာနဲ့ နှိုင်းယှဉ်ရင် နိုဝင်ဘာမှာ ၇ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး၊ တန် ၁ ဒသမ ၉၈ သန်းရှိခဲ့ပါတယ်။ တရုတ်ဒါလီယံကုန်စည်ဒိုင်မှာ စားအုန်းဆီသန့် မေလအတွက် ကြို ရောင်းဈေးက အနည်းငယ်သာ အပြောင်းအလဲရှိပြီး၊ တစ်တန်ကို ၆၂၆၆ ယွမ် (၁၀၃၂ ဒေါ်လာ)နှုန်းရှိခဲ့သည်။ ပဲပုပ်ဆီဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်တန် ကို ၇၂၅၂ ယွမ်နှုန်းရှိခဲ့ပါတယ်။                                   UNT