Main menu

Background

မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာလ ဒုတိယပတ် ဆီထွက်သီးနှံဈေးကွက် နှမ်းဈေးဆက်လက် မြင့်နေ

Wed, 12/18/2013 - 05:55 -- ydnar

မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာ ဒုတိယ ပတ် ဆီထွက်သီးနှံဈေးကွက်မှာ တရုတ် လိုင်းအဆွဲကောင်းနေလို့ နှမ်းမျိုးစုံ ဆက်လက်ဈေးကောင်းရနေတာ တွေ့ရ ပါတယ်။ ယခုတစ်ပတ် ပေါက်ဈေးများ အနေနဲ့ နှမ်းညိုဟာ လဆန်းပိုင်းက တစ်တင်း ၄၀၀၀၀ ကျပ်သာရှိခဲ့ရာက ယခု ၄၄၈၀၀ ကျပ်၊ နှမ်းဝါဟာ လဆန်း ပိုင်းကတစ်တင်း ၄၄၀၀၀ ကျပ်သာ ရှိခဲ့ ရာက ယခု ၄၈၀၀၀ ကျပ်ကိုလည်း ကောင်း၊ နှမ်းဖြူဟာလဆန်းပိုင်းက တစ်တင်း ၅၂၂၀၀ ကျပ်သာရှိခဲ့ရာက ယခု ၅၆၀၀၀ ကျပ်ကိုလည်းကောင်း အသီးသီးဈေးမြောက်လာခဲ့တာ တွေ့ရ ပါတယ်။

ပစ္စည်းအဝင် အနေနဲ့ နှမ်းဝါ ဟာ ယောဘက်က အဝယ်ပါးသွားပြီး၊ ဒေသနှမ်းဝါအနည်းငယ်သာ ဝင်ခဲ့ကာ အိတ် ၁၀၀ ခန့်သာ အရောင်း အဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နှမ်းညိုနဲ့ နှမ်း ဖြူကတော့ ကျီးတောရွာတွေက ရိတ် သိမ်းပြီးဝင်ရောက်မှုရှိသလိုလှောင်လက် အရောင်းလည်း ရှိခဲ့တဲ့အတွက် တစ် ရက်အိတ်၅၀၀ မှ ၆၀၀ ကြား အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အထူး သဖြင့် ဆီကြိတ်ဖို့ ဝယ်ထားသူတွေက လည်း နှမ်းဈေးကောင်းလို့ ဆီမကြိတ်ဘဲ ပြန်ထုတ်ရောင်းချမှုလည်း ရှိတယ်လို့ ကုန်သည်ရပ်ကွက်က သိရပါတယ်။ ယခုတစ်ပတ် မြေပဲဆန်ဈေးကွက် မှာတော့ နယ်ဝယ်လက်မရှိလို့ ဈေး ဆက်လက်အေးနေခဲ့ရာ မြေပဲဆန်နီ တစ်ပိဿာ ၁၆၅၀ ကျပ်နဲ့ မြေပဲလုံး ဆန်တစ်တင်း ၂၆၀၀၀ ကျပ်ဈေးများမှာ ဆက်လက်ငြိမ်နေခဲ့တာတွေ့ရပါတယ်။ အရောင်းအဝယ်အားဖြင့် မြေပဲဆန်နီ ကို ဆီသမားနဲ့ အကြော်လိုင်း အဝယ် သာရှိလို့ ယခုတစ်ပတ်အတွက် ပိဿာ ၃၀၀၀ ခန့်သာ အဝယ်ရှိတယ်လို့ ဆိုပါတယ်။ ဆီဆန်ဖြူကတော့ ဆီဆန် လိုင်း သီးသန့်အဝယ်ကြောင့် တစ်ရက် ပိဿာတစ်သောင်းခန့်အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ လုံးဆန်အနေနဲ့ ဆောင်းရာသီ မျိုးအတွက် ဗန်းမော်၊ ကသာစတဲ့ ဧရာ ဝတီ လိုင်းအဝယ်နဲ့ ဒေသတွင်းဆား လှော်သမားအဝယ်ကြောင့် တစ်ရက် တင်း ၅၀၀ မှ ၇၀၀ ကြား ပုံမှန် အရောင်းအဝယ်ရှိနေတယ်လို့ဆိုပါတယ်။ ဒေသကုန်သည်တွေရဲ့ အဆိုအရ မိုးမြေပဲထက် ဆောင်းမြေပဲက အရည် အသွေးပိုကောင်းလို့ မနှစ်က တရုတ် ဝယ်လိုအားကောင်းခဲ့ကာ ဈေးလည်းရ ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ စားဆီ ဈေးကွက်မှာတော့ ပဲဆီက ယခုတစ် ပတ်မှာတစ်ပိဿာ၂၇၅၀ မှ၂၇၀၀ကျပ် သို့ကျသွားပြီး၊ နှမ်းဆီတစ်ပိဿာ ၄၈၀၀ ကျပ်မှ ၅၀၀၀ ကျပ်ကို တက်သွားတာ တွေ့ရပါတယ်။ စားအုန်းဆီဈေးကတော့ ယခုတစ်ပတ် တစ်ပိဿာ ၁၇၀၀ ကျပ် မှာ ငြိမ်လျက် ရှိနေပါတယ်။ ဒေသခံ ကုန်သည်နဲ့ မြေပဲတောင်သူတွေအနေနဲ့ လာမဲ့လမှာပေါ်တော့မယ့် ဆောင်း မြေပဲစိုက်ချိန်မှာအရည်အသွေးကောင်း လို့တရုတ်လက်အဝယ်ရှိနိုင်တာမို့ အမြင့် ဈေးကို မျှော်မှန်း ကြိုဆိုနေတယ်လို့ တောင်သူနဲ့ ပွဲရုံရပ်ကွက်က ကြားသိရပါ တယ်။             ထွန်းလှိုင် - မုံရွာ