Main menu

Background

ဂျာမနီစီးပွားရေးခိုင်မာလာ၍ ယူရိုငွေတန်ဖိုးမြင့်လာ

Wed, 09/15/2010 - 04:57 -- Anonymous (not verified)

 ဂျာမနီစီးပွားရေးခိုင်မာလာ၍ ယူရိုငွေတန်ဖိုးမြင့်လာ      ယူရိုငွေက အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာတွင်တန်ဖိုးမြင့်လာမှုက ရက် သတ္တပတ်နှစ်ပတ်ကျော်နီးပါး ကာလ အဖြစ်ရောက်ရှိလာခဲ့ပါတယ်။ ဂျာမနီရဲ့ စီးပွားရေး ပြန်လည်အားကောင်းလာမှု အရှိန်ရလာခြင်းကို ဖော်ပြမဲ့ အစီရင်ခံ စာထွက်ပေါ်မလာမီ     ယူရိုငွေတန်ဖိုး ဆက်လက်မြင့်မားလာခဲ့ပါတယ်။ဂျပန်ဗဟိုဘဏ်က  စက်တင်ဘာ လ ၆ ရက်မှစပြီး ၂ ရက်ကြာ အစည်း အဝေးကျင်းပခဲ့ပြီး မူဝါဒချမှတ်သူများ က ချေးငွေရရှိမှုပိုမိုအဆင်ပြေရေး စီမံ ကိန်းများချမှတ်ဖို့  ဆွေးနွေးခဲ့ကြပါ တယ်။ ဒါကြောင့်ယန်းငွေက အကိုျး အမြတ်များတဲ့  အခြားငွေကြေးများနဲ့ လဲလှယ်ရာတွင် တန်ဖိုးကျဆင်းသွားပြီး တောင်ကိုရီးယား ဝမ်ငွေကလည်း လေး ပတ်မြောက်ကာလအဖြစ် ဆက်လက် တန်ဖိုးမြင့်လာခဲ့ပါတယ်။       အမေရိကန်ဒေါ်လာက ဂျပန်ယန်း ငွေနဲ့ လဲလှယ်ရာတွင် တစ်ဒေါ်လာကို ၈၄ ဒသမ ၁၆ ယန်းအထိ ရောက်ရှိပြီး ဒေါ်လာတန်ဖိုး သုည ဒသမ ၂ ရာခိုင် နှုန်း အားနည်းခဲ့ပါတယ်။ တောင်ကိုရီး ယား ဝမ်ငွေကလည်း တစ်ဒေါ်လာကို ၁၁၆၉ ဒသမ ၂ဝ ဒေါ်လာဖြစ်လာရာ သြဂုတ်လ ၁ဝ ရက်မှစပြီး အမြင့်ဆုံး နှုန်းဖြစ်ကြောင်း သိရပါတယ်။Source:bloomberg.com, ပပ