Main menu

Background

ဘိလပ်မြေဈေးနှုန်းများ (16-12-2013)

Wed, 12/18/2013 - 05:57 -- ydnar

ဘိလပ်မြေတန်ချိန် ငါးသောင်းငါးထောင်ကျော် တင်သွင်း
ပြည်တွင်းကို ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်နေ့တာကာလအတွင်း ကန်ဒေါ်လာ ငါးဆယ့်ရှစ်သိန်းကျော်တန်ဖိုးရှိ ဘိလပ်မြေ ၅၅၀၅၀ ဒသမ ၈၆၈ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံ မှဘိလပ်မြေ တန်ချိန် ၅၀ ၊ စင်ကာပူနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၇၀၀ ၊ အာရပ်စော် ဘွားများပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၇၈၀ ဒသမ ၇၀ နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၅၃၅၂၀ ဒသမ ၁၆၈ တန်တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း ထိုင်းနိုင်ငံဘက် မှ အများဆုံးတင်သွင်းလာတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင် မှာ တန်ချိန် သုံးသောင်းနှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် နှစ်သောင်းနှစ်ထောင်ကျော်အဝင်ပိုခဲ့ပါတယ်။         MIRT(DOT)   

ပွင့်လင်းရာသီရောက်လာတာမို့ ဈေးကွက်လှုပ်ရှားလာနိုင်တဲ့ ဘိလပ်မြေဒီဇင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၇ ရက် သီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန်ငါးသောင်းငါးထောင်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဘိလပ်မြေအဝင်မှာ တန်ချိန်သုံးသောင်း နှစ်ထောင် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် နှစ်သောင်းနှစ်ထောင်ကျော် အဝင် ပိုခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်က ယခင်တစ်ပတ်မှာ တန်ချိန် တစ်သောင်းလေးထောင်ကျော်အဝင်ရှိခဲ့ပြီး ယခုတစ်ပတ် ဘိလပ်မြေ အဝင်မှာ တန်ချိန်ကိုးထောင်ခုနှစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် လေးထောင့်ခြောက်ရာကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှ ဘိလပ်မြေအဝင်ပိုခဲ့ပေမဲ့ နယ်စပ်လမ်းမှ ဘိလပ်မြေ အဝင် လျော့ခဲ့ပါတယ်။ တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေ က ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့သိရပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိပေမဲ့လည်း ဘိလပ်မြေဈေးများ ကငြိမ်နေတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်ပစ္စည်းပြတ်နေတဲ့ ခြင်္သေ့ ဘိလပ်မြေက ဈေးကွက်ထဲပြန်ဝင်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက် ထဲအရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက  စိန်(ယိုးဒယား) ၆၇၀၀ ကျပ်၊  ကျားခေါင်း ဘိလပ်မြေက ၄၉၀၀ ကျပ်၊နဂါး ဘိလပ်မြေက ၅၄၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေ ၆၉၀၀ ကျပ်၊ ခြင်္သေ့ဘိလပ်မြေ ၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အနောက်မြို့ပတ်လမ်းမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ ဆင်(ထိုင်း)   ဘိလပ်မြေက ယခင်တစ်ပတ်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်ပြီး မြင်းခေါင်း ဘိလပ်မြေနဲ့ စိန်(ထိုင်း)ဘိလပ်မြေက ငါးဆယ်ကျပ်၊ ကြံ့ (မြိုင်ကလေး) ဘိလပ်မြေ က၂၅ ကျပ် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲအရောင်း အဝယ်ဖြစ်တဲ့ဈေးက ဆင် (ထိုင်း)  ဘိလပ်မြေ ၄၈၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၃၉၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ ၄၃၂၅ ကျပ်၊ စိန်ဘိလပ်မြေ ၄၆၅၀ကျပ်  နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေကဒီတစ်ပတ်မှာ အရောင်းအဝယ်သွက် တယ်လို့သိရပါတယ်။ အရောင်းအဝယ်သွက်သလို ဘိလပ်မြေဈေးက ဒီတစ်ပတ် မှာ ဈေးအနည်းငယ်မြင့်လာတယ်လို့သိရပါတယ်။ ပွင့်လင်းရာသီရောက်လာတာ ကြောင့် အရောင်းအဝယ်က နည်းနည်းကောင်းလာတယ်။ အရောင်းအဝယ်ကောင်း သလို ဈေးလည်းနည်းနည်းကောင်းလာတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်မှာ အေသုံး လုံးက ၃၀၀ ကျပ်၊ မြန်မာ(ဆင်)က ၂၀၀ ကျပ်၊ စိန်(ထိုင်း) က၃၀၀ ကျပ်၊ဆင်(ထိုင်း) က၄၀၀ကျပ်၊ဆင်မင်း နဲ့ ကျားခေါင်းဘိလပ်မြေက ၁၀၀ ကျပ်ဈေးမြင့်ပြီး အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်တဲ့ ဈေးများမှာ အေသုံးလုံး ၅၃၀၀ ကျပ်၊ မြန်မာဆင် ၄၈၀၀ ကျပ်၊ ဆင်(ထိုင်း) ၆၃၀၀ ကျပ်၊ စိန် (ထိုင်း) ၆၂၀၀ ကျပ်၊ ဆင်မင်း(ကျောက်ဆည်) ၄၇၀၀ ကျပ်၊ ကျားခေါင်း ၄၇၀၀ ကျပ်၊ မြင်းခေါင်း ၄၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။     MIRT (DOT)