Main menu

Background

တရုတ်အဝယ်လိုက်လာမှုကြောင့်ရွှေဈေးအနည်းငယ် ပြန်လည်မြင့်တက်ခဲ့သော်လည်း သီတင်းပတ်နောက်ဆုံးရက်တွင်ပြန်လည်ကျဆင်းလာ

Wed, 12/18/2013 - 06:02 -- ydnar

ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် အနည်းငယ်ပြန်လည်မြင့် တက်လာခဲ့ကြောင်း ဈေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာ ပထမပတ်အတွင်းက အနိမ့်ဆုံးဈေး အဖြစ် ကျဆင်းခဲ့ပြီးနောက် ယခုသီ တင်းပတ်အတွင်းတွင် အနည်းငယ် ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရ သည်။

တရုတ်ဝယ်လိုအားမြင့်တက်လာ မှုနှင့် ဒေါ်လာဈေးပြန်လည်ကျဆင်း လာမှုတို့ကြောင့် ကမ္ဘာ့ရွှေဈေးများ ပြန် လည်မြင့်တက်လာရခြင်းဖြစ်ကြောင်း သိရသည်။"ဒီတစ်ပတ်ထဲမှာ ရွှေဈေး နည်း နည်းပြန်တက်လာတယ်။ တရုတ်ဝယ် လိုအားတွေလည်း အရင်ကထက် ပို များလာတယ်။ ဈေးကျလို့ အဝယ်ပြန် လိုက်လာတဲ့သဘောပါ။ တစ်သောင်း နီးပါးလောက်တော့ ပြန်တက်လာ တယ်။ ကမ္ဘာ့ရွှေဈေး ပြန်တက်လာတာ လည်း ပါတာပေါ့။ ဒေါ်လာဈေး ကလည်း ပြန်ကျလာတယ်။ နိုဝင်ဘာ လကုန်ပိုင်းလောက်ကဆို ဒေါ်လာဈေး ကလည်း ၁၀၀၀ နီးပါးလောက်အထိ တက်လာတော့ ရွှေဈေးက တအားကို ထိုးကျသွားတာ။ ဈေးကျတော့ ပြန် ရောင်းတဲ့သူ မရှိသလောက် နည်းသွား သလို ဝယ်တဲ့သူတွေကလည်း ဈေးကို စောင့်ကြည့်နေကြတာ။ အထည်ပိုင်း ကတော့ အလုပ်ဖြစ်ပါတယ်။ ဈေးကျ တဲ့အချိန် စပါးပေါ်တဲ့အချိန်ဆိုတော့ အထည်သမားတွေ အလုပ်ဖြစ်တယ်" ဟု ရွှေကုန်သည် ဦးစံမြင့်က ဆိုသည်။မြန်မာ့ရွှေဈေးသည် ဒီဇင်ဘာလ ၉ ရက်နေ့က ကျပ် ၆၅၄၀၀၀ အထိ အနိမ့်ဆုံးဈေးအဖြစ် ကျဆင်းသွားပြီး ၎င်းင်းရက်နောက်ပိုင်းမှ စကာ ပြန်လည် မြင့်တက်လာခဲ့သည်။ ဒီဇင်ဘာလ ၁၀ရက်နေ့တွင် ကျပ် ၆၅၈၅၀၀ဖြစ်ခဲ့ပြီး ဒီဇင်ဘာလ ၁၂ရက်နေ့တွင်ကျပ် ၆၆၄၂၀၀ သို့ မြင့်တက်လာခဲ့သည်။ သို့ သော် ဒီဇင်ဘာလ ၁၃ရက်နေ့တွင် ကျပ် ၆၅၆၀၀၀ သို့ပြန်လည်ကျဆင်း လာခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာလ ၉ရက်နေ့က ကျပ် ၁၂၃၁ ဒေါ်လာရှိခဲ့ ရာမှာ ဒီဇင်ဘာလ ၁၀ရက်နေ့တွင် ၁၂၄၅ ဒေါ်လာဖြစ်ခဲ့ပြီး ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ၁၂၅၄ ဒေါ်လာသို့ မြင့် တက်ခဲ့သည်။ သို့သော် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ၁၂၂၇ ဒေါ်လာသို့ရုတ် ခြည်းကျဆင်းလာခဲ့သည်။မယ်သီတာ