Main menu

Background

ငွေလဲလှယ်နှုန်းများ အနည်းငယ်ပြန်လည်ကျဆင်းလာ

Wed, 12/18/2013 - 06:37 -- ydnar

ပြီးခဲ့သည့်ရက်သတ္တပတ် ကတည်း က မြင့်တက်လျက်ရှိသည့် ငွေလဲ နှုန်းများသည် ယခုတစ်ပတ်တွင်ပြန် လည်ကျဆင်းလာခဲ့ကြောင်းသိရသည်။  နိုဝင်ဘာလကုန်ပိုင်းက ကျပ် ၉၉၀ အထိ မြင့်တက်ခဲ့သည့် ငွေလဲနှုန်း များသည် ယခုတစ်ပတ်တွင် အနည်း ငယ်သာ ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး ယင်း ကဲ့သို့ ငွေလဲနှုန်းကျဆင်းလာမှုသည် အမေရိကန်ဗဟိုဘဏ် ၏ငွေကြေးလှုံ့ ဆော်မှုလျှော့ချရန်စီစဉ်နေခြင်းကြောင့် ဖြစ်နိုင်ကြောင်းငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဆီးဂိမ်းကာလဖြစ်နေသည့် အပြင် နိုင်ငံအတွင်းသို့ ကမ္ဘာလှည့်ခရီးသည် များ အများအပြားဝင်ရောက်နေခြင်း ကြောင့် ငွေလဲနှုန်းများ ကျဆင်းမှုလျော့ နည်းရခြင်းဖြစ်ကြောင်း အနော်ရထာ လမ်းပေါ်ရှိပြင်ပငွေလဲဈေးကွက်အတွင်း မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ "ဒီကာလက ဆီးဂိမ်းကလည်း ရှိနေတယ်။ ပြီးတော့ နိုင်ငံခြားသား ခရီး သည်တွေလည်း အရင်ကထက် ပိုပြီးဝင် လာတယ်။ ပွင့်လင်းကာလဖြစ်နေတာ ကြောင့် သူတို့တွေ တော်တော်များများ လာကြတယ်။ အဲဒါကြောင့် ငွေဈေးက အရမ်းကြီးကျ မသွားတာပါ။ တကယ် ဆို ဟိုပြီးခဲ့တဲ့အပတ်တုန်းက တက်သွား ခဲ့တဲ့ ၉၉၀ ကျပ်ဆိုတာရွှေဈေးက အရမ်း ကို ကျသွားတဲ့အချိန် ဖြစ်နေတာ။ အခု လည်း ရွှေဈေးက ဆက်ပြီးကျနေတုန်း ဆိုတော့ ဒေါ်လာဖက်ကို လှည့်လာကြ တယ်။ အဲဒါကြောင့် ဈေးက သိပ်မကျ သွားတာပါ"ဟု ၎င်းက ထပ်မံရှင်းပြခဲ့ သည်။ သိမ်ဖြူငွေလဲစင်တာတွင် မြန်မာ့ ငွေလဲနှုန်းသည် ဒီဇင်ဘာလ ၉ရက် နေ့က အမေရိကန်တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၈၆ ကျပ်၊ ဝယ်ဈေး ၉၇၈ ကျပ်ရှိခဲ့ပြီး ဒီဇင်ဘာလ ၁၃ရက်နေ့တွင် ရောင်းဈေး ၉၈၅ကျပ်၊ ဝယ်ဈေး ၉၇၆ ကျပ်သို့ အနည်းငယ်ကျဆင်းခဲ့သည်။ပြင်ပငွေဈေးကွက်တွင်မူ ဒီဇင် ဘာလ ၉ရက်နေ့က အမေရိကန် တစ် ဒေါ်လာလျှင် ရောင်းဈေး ၉၈၃ကျပ်၊ ဝယ်ဈေး ၉၈၂ကျပ်ရှိခဲ့ပြီး ဒီဇင်ဘာလ ၁၃ရက်နေ့တွင် ရောင်းဈေး ၉၈၂ကျပ်၊ ဝယ်ဈေး ၉၈၁ကျပ်သို့ အနည်းငယ်ပြန် လည် ကျဆင်းလာခဲ့သည်။မယ်သီတာ