Main menu

Background

အဝင်သွက်ပြီး အရောင်းအဝယ်အေးနေတဲ့ ပြည်(ချင်း)ဈေးကွက်

Wed, 12/18/2013 - 06:39 -- ydnar

ဒီတစ်ပတ် ပြည်ဈေးကွက်ကို အောင်ပန်းချင်းများ အဝင်များလာပြီး၊ တစ်ပတ် ကို ပိဿာ ၃၀ ဝင်အိတ် ၃၅၀ ခန့် အဝင်ရှိနေတယ်လို့ သိရပါတယ်။ အဝင်များပေမဲ့ အရောင်းအဝယ်မှာ အေးနေပြီး၊ ယခင်တစ်နေ့ကို အိတ် ၅၀ ခန့်ရှိပြီး၊ ယခု ၁၅ အိတ်ခန့်သာရောင်းဝယ်မှုဖြစ်တယ်လို့ သိရပါတယ်။ ပြည်ပွဲရုံများမှတစ်ဆင့်ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်ဘက်ကိုလည်း စားသုံးမှုအဖြစ် ယခုတစ်ပတ်အတွင်း ပိဿာချိန် ၂၀၀ ခန့် တင်ပို့လျက် ရှိသဖြင့် ဈေးနှုန်းအားဖြင့်လည်း ယခင်အပတ် အတိုင်း အပြောင်းအလဲမရှိဘဲ၊ ချင်း(ရှယ်)တစ်ပိဿာ ၁၂၀၀ ကျပ်၊ (ဂျွန်) ၁၀၅၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိပါတယ်။                  ဝင်းဝင်းခိုင် - ပြည်