Main menu

Background

မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာ ဒုတိယပတ် ပဲဈေးကွက်လက်ကျန်ပဲဟောင်း အရောင်းအဝယ်အေး

Wed, 12/18/2013 - 06:54 -- ydnar

မုံရွာကုန်စည်ဒိုင် ဒုတိယပတ် ပဲဈေးကွက်မှာ တရုတ်လက် ဝယ် လို အားကောင်းတဲ့ ပဲတီစိမ်းတစ်မျိုးသာ ဈေးမာနေခဲ့ပြီး၊ ကျန်ပဲအများစု ဈေး အေး ခဲ့တာတွေ့ရပါတယ်။ ကုလားပဲမျိုး စုံ ဈေးကွက်မှာတော့ လှောင်လက် သမားတွေ ဈေးအနည်းငယ် ဆွဲတင် ခဲ့လို့ ကုလားပဲထိုင်ဝမ်ဟာ တစ်တင်း ၁၄၂၀၀ ကျပ်မှ၁၄၇၀၀ ကျပ်၊ V2 တစ် တင်း ၁၅၅၀၀ ကျပ်မှ  ၁၅၇၀၀ ကျပ် နဲ့ 929 တစ်တင်း ၁၄၅၀၀ ကျပ်ကနေ ၁၅၀၀၀ ကျပ် အသီးသီးဈေးမြင့်လာပြီး၊ ကုလားပဲ ရိုးရိုးကတော့ တစ်တင်း ၁၄၀၀၀ ကျပ်မှာ ငြိမ်နေတာတွေ့ရပါ တယ်။

လှောင်လက်သမားတွေက ဈေး ချ မရောင်း နိုင်ကြသလို စက်သမားတွေ ဝယ်လက်ကလည်း ထိန်းဝယ်နေကြပြီး၊ ပုံမှန်ယူနေကြစက်သမားအဝယ်ကြောင့် တစ်ရက်အိတ် ၅၀၀ ခန့်သာပုံမှန် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဈေး ကွက်က ဆိုပါတယ်။ ယခုတစ်တပတ် စိမ်းကြီး လိုင်းမှာ တော့ ချင်းတွင်းလိုင်းက တစ်နေ့ အိတ် ၇၀၀ ခန့် ပုံမှန်အဝင်ရှိခဲ့သလို ကုန် စည်ဒိုင်မှာ ထင်သလောက် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ဈေးကတော့ နေ့စဉ်အတက် အကျ ရှိခဲ့ပြီး၊ ယခုပတ်ထဲမှာ တစ်တင်း ၂၉၅၀၀ ကျပ် - ၃၀၅၀၀ ကျပ်နဲ့ ၃၁၀၀၀ ကျပ်အသီးသီး ပေါက်ခဲ့ပါ တယ်။ ဝယ်လက်ကတော့ တရုတ်လက် ဖြစ်တဲ့ မန်းကုန်သည်အဝယ်ဖြစ်တယ်လို့ ဆိုပါတယ်။ စိမ်းသေးဈေးကွက်မှာ တော့ ချင်းတွင်းမြစ်အနောက်ဘက် ပိုင်း က ပဲအဝင်ရှိခဲ့ပြီး၊ အိန္ဒိယအဝယ်ရှိလို့ တစ်ရက်အိတ် ၃၀၀ မှ ၄၀၀ ကြားပုံမှန် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်း ၂၆၅၀၀ ကျပ်ကနေ ၂၇၀၀၀ ကျပ် ကြားပေါက်ဈေးဖြစ်ခဲ့တာတွေ့ရပါတယ်။ ပဲစင်းငုံနီဈေးကွက်အနေနဲ့ ယခု ပတ်ထဲမှာ လှောင်လက်က အရောင်း မရှိ သလောက် ရှားသွားပြီး ဝယ်လက် ဘက်က ဈေးနိမ့်ရင် ဝယ်လိုမှုရှိတယ်လို့ သိရပါတယ်။ လောလောဆယ်မှာ တော့ ရန်ကုန်အော်ဒါရတဲ့ ကုန်သည် အချို့ ရံဖန်ရံခါအဝယ်ရှိတဲ့အခါ တစ် ရက် အိတ် ၃၀၀ မှ ၆၀၀ အတွင်း အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ မတ်ပဲဈေးကွက်မှာ ယခုတစ် ပတ် အတွင်း ရန်ကုန်ဝယ်လက်အပြင် ဒေသတွင်း စက်သမားအဝယ် လည်းရှိ ခဲ့လို့ တစ်ရက်အိတ် ၂၀၀ မှ ၅၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပေါက် ဈေး အနေနဲ့ ယခုအပတ်မှာ တစ်တင်း ၁၈၂၀၀ ကျပ်မှ ၁၇၃၀၀ ကျပ်ထိ ဈေး ကျသွားပြီး၊ ပစ္စည်းလက်ကျန်ရှိတဲ့ ကုန် သည်တွေရဲ့ အရောင်းသာရှိပြီး၊ နယ် အဝယ်မရှိတော့ဘူးလို့ ဈေးကွက်က ဆို ပါတယ်။ ယခုတစ်ပတ် ပြည်တွင်းသုံး ပဲဈေး ကွက်မှာတော့ပဲဟောင်းလက်ကျန်လျော့ လာတဲ့ ပဲနီလုံးကြားဟာ တစ်တင်း ၂၄၈၀၀ ကျပ်ထိ တက်ခဲ့ပြီး၊ ကသဲ ပဲက တော့ တစ်တင်း ၂၁၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က Export ရှိလို့ ဈေးမြောက် ခဲ့တဲ့ လွန်းဖြူနဲ့ လွန်းပြာတို့လည်း ယခု တစ်ပတ်မှာ လွန်းဖြူက တစ်တင်း ၁၉၅၀၀ ကျပ်မှ ၁၈၈၀၀ ကျပ်၊ လွန်းပြာ တစ်တင်း ၁၆၀၀၀ ကျပ်မှ ၁၄၂၀၀ ကျပ်အသီးသီး ကျဈေးနဲ့ အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။ ရန်ကုန်အဝယ် မရှိဘဲ မန်းလက် ရံဖန်ရံခါဝယ်သလို ဒေသတွင်း လက်လီအဝယ်သာ ရှိခဲ့ တယ်လို့ ဆိုပါတယ်။ ပဲဈေးကွက် အနေအထားအရ မိုးပဲထက် ဆောင်းရာသီထွက် ဆောင်း ပဲက အရည်အသွေးသာတဲ့အတွက် ဈေးကောင်းရနိုင်တယ်လို့ ကုန်သည် အသိုင်းအဝိုင်းကဆိုပါတယ်။ ဒါကြောင့် မကြာခင် ဈေးကွက်ဝင်တော့မယ့် ဆောင်းပဲတွေဖြစ်ကြတဲ့ ပဲကြီး၊ ထော ပတ်ပဲ၊ ပဲလွန်းနဲ့ မြေထောက်ပဲ၊ ပုဂံပဲ တွေကို ဒေသခံပွဲရုံတွေက စောင့်ကြို မျှော်လျက်ရှိပါကြောင်း ......။ထွန်းလှိုင် - မုံရွာ