Main menu

Background

ကမ္ဘာ့ရွှေဈေး မှတ်တမ်းတင်ဖွယ် ရောက်ပြီလား

Wed, 09/15/2010 - 05:06 -- Anonymous (not verified)

 ကမ္ဘာ့ရွှေဈေး မှတ်တမ်းတင်ဖွယ် ရောက်ပြီလား     စက်တင်ဘာလ ၇ ရက်က နယူးယောက်ဈေးကွက် ရွှေကြိုပွိုင့်အရောင်း အဝယ်က မှတ်တမ်းတင်ဖွယ်ရောက်ပြီလို့ ပြောစမှတ်ပြုရလောက်အောင် ဈေးနှုန်း တွေ လျင်လျင်မြန်မြန် တက်လာခဲ့ပါတယ်။ ဒီလိုတက်ပြီး မတည်မငြိမ်ဖြစ်လာမှုတွေ ကြောင့် ရင်းနှီးသူအခိုျ့အနေနဲ့ အရောင်းအဝယ်အပေါ်မှာ စွန့်စားရတာ လွယ် လွယ်ကူကူမရှိဘဲ ရှုပ်ထွေးခဲ့ပါတယ်။ တစ်အောင်စကို ကန်ဒေါ်လာ ၁၂၅၉ ဒသမ ၁ ဒေါ်လာကနေ ရှစ်ဒေါ်လာခုန်တက်ပြီး ဒီဇင်ဘာလအရောက်ပို့ရွှေဈေးအမြင့်ဆုံး အဖြစ် တစ်အောင်စကို ကန်ဒေါ်လာ ၁၂၆၁ ဒသမ ၆ဝ ဒေါ်လာကို ခုန်တက် ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နံှသူတွေ အကြားမှာတော ''ရွှေဈေး မှတ်တမ်းဝင်အဆင့် ရောက်ရှိနေပြီး ဥရောပဘဏ်တွေကလည်း ရုန်းကန်နေရဆဲပဲဖြစ်တယ်''လို့ ဒူဘိုင်း က သုံးသပ်သူ Prodeep Unni  က ပြောပါတယ်။ဒီနှစ်မှာရွှေဈေးက ဇွန်လ ၂၁ ရက်က တစ်အောင်စကို ကန်ဒေါ်လာ ၁၂၆၅ ဒသမ၃  အထိအမြင့်ဆုံးစံချိန်တင်ချဉ်းကပ်ခဲ့ပြီး နောက်ဈေးကွက်က စောင့်ကြည့် နေစဉ်မှာပဲ ယခုလိုပြန်လည်မြင့်လာခြင်းဖြစ်ပါတယ်။ လေ့လာချက်များအရ ယခုနှစ် အတွင်းရွှေဈေး ၁၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး လက်ရှိကာလမှာ ဥရောပရဲ့ စီးပွားရေး နှေးကွေးမှု ဥရောပဗဟိုဘဏ်များရဲ့ ရင်းနှီးငွေအသစ်တွေထပ်မံလိုအပ်နေမှု စသည် တို့ကြောင့် ရွှေဈေးကျောက်တုံးလို မာလာပါတယ်လို့ တိုကျိုဈေးကွက်မှ သုံးသပ်သူ Shuji Sugata က ပြောပါတယ်။