၂၀၁၄ ခုနှစ်မှာထိုင်းနိုင်ငံက ဆန်တန် ၁၀ သန်းတင်ပို့ဖို့ ရည်မှန်း

၂၀၁၄ ခုနှစ်မှာထိုင်းနိုင်ငံက ဆန် တန်ချိန် ၈ သန်းမှ ၁၀ သန်းအကြား တင်ပို့ဖို့ရည်မှန်းထားကြောင်း နိုင်ငံခြား ကုန်သွယ်မှုဌာနခွဲမှ ညွှန်ကြားရေးမှူး ချုပ်က မီဒီယာများကို ဒီဇင်ဘာ ၂၆ ရက်ကပြောပါတယ်။

ထိုင်းနိုင်ငံက ၂၀၁၃ ခုနှစ်မှာ ဆန် တန်ချိန် ၈ သန်းမှ ၈ ဒသမ ၅ သန်းအ ကြားတင်ပို့ဖို့ရည်မှန်းထားရာ ၆ ဒသမ ၆၈ သန်းသာတင်ပို့နိုင်တဲ့အတွက် မူလ ရည်မှန်းချက်အောက် ၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း နိုင်ငံခြားကုန်သွယ်မှု ဌာနခွဲ ညွှန်ကြားရေးမှူးချုပ်ကပြောပါ တယ်။ ဒါပေမဲ့ဈေးနှုန်းကျဆင်းတာနဲ့ ၂၀၁၃ ခုနှစ်မှာ ရာသီဥတုဆိုးဝါးခဲ့တဲ့ အတွက် လာမဲ့နှစ်မှာ ဆန်တင်သွင်းတဲ့ နိုင်ငံတွေရဲ့ ဝယ်လိုအားမြင့်တက်လာ နိုင်တဲ့အတွက် ထိုင်းနိုင်ငံမှာ ဆန်စိုက် ပျိုးဖို့ပိုမိုစိတ်ဝင်စားလာပါတယ်။ အစိုး ရချင်းဆက်သွယ်မှုက ပို့ကုန်ရဲ့ ၆၀ ရာ ခိုင်နှုန်းအထိရရှိထားတဲ့အတွက် ထိုင်း နိုင်ငံရဲ့ ဆန်တင်ပို့မှုက ၂၀၁၄ ခုနှစ်မှာ ဆန်တန်ချိန် ၈ သန်းကနေ ၁၀ သန်း အကြားရှိနိုင်ပါတယ်။ တစ်ချိန်တည်းမှာ ဆန်အာမခံ ထားစနစ်အရ လယ်သမားတွေကိုပေး ဖို့အတွက် အစိုးရမှာ ရန်ပုံငွေအလုံအ လောက်ရှိတဲ့အပြင် နှောင့်နှေးကြန့်ကြာ နေသေးတဲ့ငွေတွေကို ၂၀၁၄ ခုနှစ် ဇန် နဝါရီလမှာ ပေးမှာဖြစ်ကြောင်း ထိုင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။ဝန်ကြီးဌာနရဲ့ အဆိုအရ ၂၀၁၄ ခုနှစ် ဇန်နဝါရီမှာ ၁၅ ရက်မှာပေးမဲ့ ၂၀၁၃- ၂၀၁၄ ခုနှစ်ဆန်အာမခံထားအစီအစဉ် အတွက် တောင်သူတွေကိုပေးဖို့အစိုးရ ကဘတ်ဘီလီယံ ၉၀ (ဒေါ်လာ ၂ ဒသမ ၇၅ ဘီလီယံ)သုံးစွဲမယ်လို့သိရ ပါတယ်။ဉာဏ်တင်