Main menu

Background

ရာသီအဖွင့်မှာ အရောင်းအဝယ်ဈေးနှုန်းသင့်တဲ့မန်းဒိုင်မှ ထောပတ်ပဲကြီး

Tue, 12/31/2013 - 07:43 -- ydnar

မန္တလေးကုန်စည်ဒိုင် (ပွဲစား၊ ကုန် သည်၊ စက်ပိုင်များ ကထိန်တော် အသင်း) မှ ထောပတ်ပဲကို မတ္တရာ၊ ပုသိမ်ကြီး၊ တံတားဦး၊ ချောင်းဦး၊ မုံရွာ၊ ဂန့်ဂေါ၊ ကလေး၊ မကွေး၊ ချောက်၊ ရေနံ ချောင်း၊ပခုက္ကူစတဲ့ ဒေသများမှ ဝယ်ယူ ရရှိပါတယ်။ ၂၀၁၂ ခုနှစ်၊ ထောပတ်ပဲ ပေါ်ချိန် ဒီဇင်ဘာလနဲ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလများမှာ ဈေးအမြင့်ဆုံးဖြစ် တဲ့ တစ်ပိဿာ ၁၀၁၃ ကျပ် (တစ်တန် ၆၂၀၃၅၁ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ် ကြောင်း သိရပြီး၊ ၂၀၁၂ ခုနှစ်၊ မေ၊ ဇွန်၊ ဇူလိုင်လများမှာ ဈေးအအေးဆုံး ဖြစ်ပြီး တစ်ပိဿာ ၆၇၆ ကျပ် (တစ် တန်၄၁၃၉၇၆ကျပ်)နဲ့အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ နှောင်း ပိုင်းမှာ ထောပတ်ပဲ(ကြီး) တစ်ပိဿာ ၁၃၁၆ ကျပ် (တစ်တန် ၈၀၅၉၀၅ ကျပ်)နဲ့အမြင့်ဆုံးဈေး အရောင်းအဝယ် ဖြစ်ပြီး၊ နေ့စဉ်သုံးတင်းဝင်အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလနဲ့ မတ်လ များမှာ အနိမ့်ဆုံးဈေးတစ်ပိဿာ ၉၀၇ ကျပ် (တစ်တန် ၅၅၅၄၃၈ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်၊ ဦးပိုင်းမှာ ဈေးအမြင့်နဲ့ဆက်ရှိ နေအုန်းမှာဖြစ်ကြောင်း၊ ထောပတ်ပဲ များ အသစ်ပေါ်ချိန်မှာ ဈေးအမြင့်ဆုံး ဖြစ်ပြီး၊ ထောပတ်သီးနှံလှိုင်လှိုင်ပေါ်တဲ့ အချိန်မှာ ဈေးအေးသွားတတ်ကြောင်း၊ ထိုကဲ့သို့ ဈေးကွာဟရာမှာ ကွာခြားချက် ကြီးမားကြောင်း သိရပါတယ်။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလမှာ တစ် ပိဿာ ၁၀၃၃ ကျပ် (တစ်တန် ၆၃၂၅၉၉ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ် ပြီး၊ နောက်တစ်လကျော် နှစ်လအကွာ ၂၀၁၂ခုနှစ်၊ မတ်လမှ တစ်ပိဿာ ၉၀၇ ကျပ် (တစ်တန် ၅၅၅၄၃၈ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့လိ့ု တစ်ပိဿာ ၁၂၆ ကျပ် (တစ်တန် ၇၇၁၆၁ ကျပ်) ကွာဟကြောင်း၊ ၂၀၁၂ ခုနှစ် ဒီဇင် ဘာလမှာ ထောပတ်ပဲ တစ်ပိဿာ ၁၀၁၃ ကျပ်(တစ်တန် ၆၂၀၃၅၁ ကျပ်) နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ နောက် တစ်လကျော်အကြာ ၂၀၁၃ ခုနှစ်၊ ဖေ ဖော်ဝါရီလမှာ တစ်ပိဿာ ၉၀၇ ကျပ် (တစ်တန် ၅၅၅၄၃၈ ကျပ်)နဲ့ အရောင်း အဝယ်ဖြစ်လို့ တစ်ပိဿာ ၁၀၆ ကျပ် (တစ်တန် ၆၄၉၁၃ ကျပ်)နဲ့ ကွာဟ ကြောင်း၊ တစ်ပိဿာ ကွာဟသွားရင် ၃ တင်းတစ်အိတ် ၆၀၀၀ ကျပ် ကွာဟ တာမိ့ု ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ လ များမှာ ထောပတ်ပဲကို မလှောင်ရဲ ကြောင်း၊ ခပ်သွက်သွက်ဝယ်၊ ခပ်သွက် သွက်ရောင်း၊ အမြတ်ပါးပါးစားမှသာ တွက်ချေကိုက်ကြောင်း ထောပတ်ပဲ ကုန်သည်ကြီးတစ်ဦးမှ ပြောကြားခဲ့ပါ တယ်။         စိုးအောင် - မန္တလေး