ပေါင်းဆန်နဲ့ မြန်မာ့ဆန်ကွဲ တန်ချိန်နှစ်သောင်းကျော် ရုရှနဲ့ EU သို့ တင်ပို့နိုင်

၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း မှာတော့ ပေါင်းဆန်ဧည့်မထ ၁၅ မှတ် နဲ့ ၅ မှတ်ဆန်များ ရုရှားနဲ့ ဥရောပ သမဂ္ဂနိုင်ငံများကို တန်ချိန် စုစုပေါင်း ၃၅၅၉တန်၊တန်ဖိုးဒေါ်လာ ၁၅၉၇၉၉၀ ဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံအလိုက်တင်ပို့မှုတွေ့ကတော့ ပေါင်းဆန်ဧည့်မထ ၅ မှတ်ဆန်အမျိုး အစားများကို  ရုရှားနိုင်ငံသို့ ၁၁၂၅ တန်၊ ပိုလန်နိုင်ငံသို့ ၁၄၄ တန်၊ အက် စတိုးနီးရားနိုင်ငံသို့တန် ၅၀ ၊ ခရို အေးရှားသို့ တန် ၅၀ ၊ ဘယ်လ်ဂျီယံ နိုင်ငံသို့ ၁၈၅၀ တန်နဲ့ အီတလီသို့တန် ၂၄၀ တင်ပို့နိုင်ခဲ့ပြီး ပေါင်းဆန်ဧည့်မထ ၁၅မှတ်တန်၁၀၀ကိုတော့ ချက်သမ္မတ နိုင်ငံသို့ အသီးသီးတင်ပို့နိုင်ခဲ့တာကို တွေ့ရပါတယ်။

ဥရောပသမဂ္ဂနိုင်ငံများဖြစ်တဲ့ ခရိုအေးရှား၊ စပိန်၊ ပေါ်တူဂီ၊ နယ်သာ လန်နဲ့ပိုလန်နိုင်ငံများကို မြန်မာ့ဆန်ဖြူ ဧည့်မထ ၅မှတ်တန်ချိန် စုစုပေါင်း ၃၀၀၀ ၊ တန်ဖိုးဒေါ်လာ ၁၂၀၀၀၀၀နဲ့ ဧည့်မထ ၂၅ မှတ်ဆန်တန်ချိန် ၅၀၀၊ တန်ဖိုးဒေါ်လာ ၁၆၀၀၀၀ ဖိုးတင်ပို့ နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။ ယခုလအတွင်းမှာ ဆန်ဖြူအပြင် နယ်သာလန်နဲ့ ဘယ်လ်ဂျီယံနိုင်ငံများ ကိုလည်း ဆန်ကွဲတင်ပို့မှုရှိခဲ့ ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံသို့ဆန်ကွဲ B (2,3,4 တန် ၂၀၀၀၊B (1,2) တန် ၈၀၀၀၊ A(1,2) တန် ၁၀၀၀၊ ဆန်ကွဲ A1(Extra) တန် ၂၀၀ တင်ပို့ခဲ့သလို နယ်သာလန် နိုင်ငံသို့ဆန်ကွဲ B (2,3,4) တန် ၆၅၀ နဲ့ ဆန်ကွဲ  B(1,2)  တန် ၁၅၀၀ တင်ပို့ ခဲ့တယ်လို့သိရပါတယ်။ ဥရောပသမဂ္ဂ နိုင်ငံများနဲ့ရုရှနိုင်ငံသို့ ပေါင်းဆန်အပြင်၊ ဆန်၊ ဆန်ကွဲများ တင်ပို့နိုင်မှုဟာ ဒီဇင်ဘာ လတစ်လလုံးတွင် တန်ချိန်စုစု ပေါင်း ၂၀၄၀၉ တန်၊ တန်ဖိုးဒေါ်လာ ၆၉၉၇၂၄၀ ဖိုးတင်ပို့နိုင်ခဲ့ပါကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် လိုင်စင်လာရောက် လျှောက်ထားချက်အရသိရှိရပါတယ်။ဆွေဆွေဝင်း  MIRT ( DCCA )