Main menu

Background

Mandalay Gems Center မှ ကျောက်မျက်ရတနာလက်ဝတ်ရတနာများကို Websiteလွှင့်တင်

Wed, 09/15/2010 - 05:08 -- Anonymous (not verified)

  Mandalay Gems Center မှ ကျောက်မျက်ရတနာလက်ဝတ်ရတနာများကို Websiteလွှင့်တင်    မန္တလေးတိုင်း   ကျောက်မျက် ရတနာလုပ်ငန်းရှင်များဆပ်ကော်မတီမှ အဖွဲ့ဝင်များစုပေါင်း၍ မန္တလေး Gems Center  ကို သြဂုတ်လအတွင်း ၂၆ လမ်း၊ ၈၄ လမ်းနဲ့ ၈၅ လမ်းကြားရှိ မန္တလေးတိုင်း သမဝါယမအသင်းစုတွင် ဖွင့်လှစ်ရောင်းချလျက် ရှိရာ ယခုလတွင် Website ပေါ်၌  လက်ဝတ်ရတနာ၊ ကျောက်မျက်ရတနာများကို   ပြသ၍ လွှင့်တင်ထားကြောင်း သိရပါတယ်။ မန္တလေးတိုင်း  ကျောက်မျက် ရတနာလုပ်ငန်းရှင်များ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်က ''ယခုလ ၄ ရက်နေ့ကစပြီး Website မှာ လွှင့်တင် ထားတယ်။ www.mandalaygems- center.com မှာကြည့်ရှုပြီး၊ နှစ်သက် တဲ့ ကျောက်မျက်ရတနာ တွေကို ဖုန်း ဆက်မှာယူနိုင်ပါတယ်။ ကျောက်မျက် ရတနာနဲ့ စိန်လက်ဝတ်ရတနာ ဒီဇိုင်း တွေကို တစ်လတစ်ခါလောက် ပြောင်း တင်မယ်။ လက်ဝတ်ရတနာဒီဇိုင်းတွေ ကို မန္တလေးကသာမက နယ်ဘက်ကပါ တနဘျငအနမှာကြည့်ပြီး ဝယ်ယူ နိုင်အောင် လို့ လွှင့်တင်ထားခြင်းဖြစ်တယ်''  လို့ ပြောပါတယ်။    မန္တလေးမြို့တွင်  မဟာအောင်မြေ  ကျောက်မျက်ရတနာရောင်းဝယ် ရေးစခန်းပြီးလျှင် Mandalay Gems Center  ကို ဒုတိယမြောက်ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။ စိန်နဲ့ကျောက်မျက်ရတနာ များကို တစ်နေရာတည်းမှာ အရောင်း အဝယ် ပြုလုပ်နိုင်တဲ့ Gems Center ကြီးဖြစ်ပါတယ်။      Mandalay Gems Center မှာ ဆိုင်ခန်းပေါင်း ၂၂ ခန်း ဖွင့်လှစ်ထားရာ ကျောက်မျက်ရတနာ အရောင်းဆိုင် များမှ စုပေါင်း၍ website တွင် လက် ဝတ်ရတနာဒီဇိုင်းမိုျးစုံကို လွှင့်တင်ထား ခြင်း ဖြစ်ပါတယ်။ဇူးဇူး