Main menu

Background

မုံရွာကုန်စည်ဒိုင်နှစ်ဆန်းပဲဈေးကွက် ပဲတီအရောင်းအဝယ်သွက်

Mon, 01/06/2014 - 05:16 -- ydnar

မုံရွာကုန်စည်ဒိုင် ၂၀၁၄ ခုနှစ်၊ ဇန် နဝါရီလ ပထမပတ် နှစ်ဆန်းပဲ ဈေး ကွက်မှာတရုတ် Export အတွက် ပဲတီ စိမ်း အဝယ်သွက်ခဲ့တယ်လို့ သိရပါ တယ်။ ချောင်းဦး၊ ကနီ၊ ယင်းမာပင်၊ ဘုတလင်၊ မြောင်နဲ့၊ ဂန့်ဂေါနယ်တွေက ပါ ပဲအဝင်စုံခဲ့ကာ စိမ်းကြီးတစ်နေ့ အိတ် ၃၀၀ ကျော်နဲ့ စိမ်းသေးတစ်ရက် အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ် လျက် ရှိတယ်လို့ ဒိုင်ရပ်ကွက်ကဆိုပါ တယ်။ ယခုတစ်ပတ်အတွင်း စိမ်းကြီး တစ်တင်း ၂၉၂၀၀ ကျပ်နဲ့ စိမ်းသေး တစ်တင်း၂၆၅၀၀ကျပ်အသီးသီး အမြင့် ဆုံးပေါက်ဈေးဖြစ်ခဲ့တာ တွေ့ရပါတယ်။

၂၀၁၃ ခုနှစ်ကုန်ကတည်းက အရောင်းအဝယ်အေးခဲ့တဲ့ ကုလားပဲ မျိုးစုံ ဈေးကွက်ဟာ နှစ်သစ်မှာလည်း ဆက်လက်အေးနေဆဲဖြစ်ကာ ယခု တစ်ပတ်မှာ ကုလားပဲရိုးရိုးတစ်တင်း ၁၄၀၀၀ ကျပ်၊ ထိုင်ဝမ်တစ်တင်း ၁၄၅၀၀ ကျပ်၊ V2 တစ်တင်း ၁၅၇၀၀ ကျပ်နဲ့၊ 929 တစ်တင်း ၁၅၂၀၀ ကျပ် အသီးသီးအမြင့်ဈေးဖြစ်ခဲ့ပါတယ်။ ဝယ် လက် အားဖြင့် ထိုင်ဝမ်နဲ့ 929 နှစ်မျိုး ပေါင်း တစ်ရက်အိတ် ၅၀၀ ခန့် ဒေသ တွင်း ခွဲစက်နဲ့ ကြာဇံလိုင်းသမားတွေ သာဖြစ်တယ်လို့ ဆိုပါတယ်။ V2 က တော့ တစ်ရက်အိတ် ၅၀၀ ဝန်းကျင်နေ့ စဉ် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဒေသ လုပ်ငန်းသုံး ဝယ်လက်သာ ဖြစ်တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ပဲစင်းငုံနီအနေနဲ့ ယခုအပတ်ထိ ဈေးကွက်ထဲကို ပဲအသစ်လှိုင်လှိုင်ဝင် မလာသေးဘဲ အိတ် ၁၀၀ ခန့်သာ အဝင်ရှိသေးလို့ လောလောဆယ်တစ် တင်း ၁၇၀၀၀ ကျပ်မှ ၁၇၂၀၀ ကျပ် အတွင်း ပေါက်ဈေးဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ ငုံနီအဟောင်းဈေး ကွက်မှတော့ ရန်ကုန်အဝယ်အော်ဒါ ရှိတဲ့ရက်မှာသာ အိတ်ရာချီအရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ နေ့စဉ် မဖြစ်ဘူးလို့ ဒိုင် ရပ်ကွက်က ဆိုပါတယ်။ ယခုတစ်ပတ် အတွင်း ငုံနီအဟောင်း တစ်တင်း ၁၆၀၀၀ ကျပ် ဝန်းကျင်သာ ပေါက်ဈေး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲကြီးကတော့ ပဲဟောင်း လက် ကျန်သမားတွေ အဝယ်ရှိတဲ့အခါ ထုတ် ရောင်းလျက်ရှိပြီး၊ ပေါက်ဈေး အနေ နဲ့ နှစ်ဟောင်းကလို တစ်တင်း ၃၆၅၀၀ ကျပ်မှာ ငြိမ်နေတာတွေ့ရပါတယ်။ ရန်ကုန်အတွက် မန်းဝယ်လက်ရှိတဲ့ မတ်ပဲဈေးကွက်မှာလည်း နယ်အဝင်ရပ် သလောက်ဖြစ်နေကာ လှောင်လက် အရောင်း အသင့်အတင့်ရှိပြီး၊ ဒီရက် ပတ်မှာ တစ်တင်း ၁၇၂၀၀ ကျပ်ဈေးနဲ့ အနည်းငယ် အရောင်းအဝယ် ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။ ဒေသအဆွဲအပြင် ရန်ကုန်လက် အနည်းငယ်ဝယ်လိုအား ရှိတဲ့ ပဲလွန်းဖြူဟာ တစ်တင်း ၁၈၀၀၀ ကျပ်မှာ ဈေးမာနေပြီး၊ တစ်ရက်အိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ လွန်းပြာအနေနဲ့ ဒေသ တွင်းအဝယ်သာရှိလို့ တစ်တင်း ၁၅၅၀၀ ကျပ်သာ အမြင့်ဈေးရခဲ့ကာ တစ်ရက် အိတ် ၃၀၀ ခန့် အရောင်းအဝယ် ပုံမှန် ဖြစ်နေတယ်လို့ ဈေးကွက်က ဆိုပါ တယ်။ထွန်းလှိုင် - မုံရွာ