Main menu

Background

ပဲတီစိမ်းဈေး မြင့်တက်နေ

Mon, 01/06/2014 - 05:16 -- ydnar

တရုတ်နိုင်ငံက အဝယ်များတာ ကြောင့် ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင်အတွင်းရှိ မြို့နယ်များမှထွက်ရှိတဲ့ ပဲတီစိမ်းဈေးတွေမြင့်တက်လာခဲ့တယ် လို့ တောင်ငူမြို့ခံ  ပဲကုန်သည်ကြီးများ ထံမှသိရပါတယ်။

၂၀၁၃ ခုနှစ်ဒီဇင်ဘာ လ ၂၅ ရက်မှ ၃၁ ရက်တာကာလ အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၉၅၈ သန်းတန်ဖိုးရှိ ပဲတီစိမ်း (လုံးပြည့်) ၁၁၂၇ တန်ခွဲနဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၄၅ သန်း တန်ဖိုးရှိ (လုံးခြမ်း) ၁၂၈ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က (လုံး ပြည့်) ၈၈၉ တန်ကျော်နဲ့(လုံးခြမ်း)  ၈၅ တန်ခွဲသာ တင်ပို့နိုင်ခဲ့သဖြင့် ယခု အပတ် ပဲတီစိမ်း တင်ပို့မှု ပိုမိုလာတာ တွေ့ရပါတယ်။ ၂၀၁၃ ခုနှစ် ဒီဇင် ဘာလ တစ်လလုံး တင်ပို့နိုင်ခဲ့တဲ့ ပဲတီ စိမ်း (လုံးပြည့်) ၃၅၃၆ တန်ကျော်၊ (လုံး ခြမ်း) ၅၂၅ တန်ခန့်ရှိပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာတော့ ယခင်အပတ်က ပဲတီစိမ်း (အညာ) တစ်တန်ကို ၉၇၇၅၅၃ ကျပ်ရှိရာမှ ယခုအပတ် ၉၈၀၇၃၂ ကျပ် ကို ဈေးအနည်းငယ် မြင့်တက်လာ တယ်လို့ သိရပါတယ်။မော်မော်အောင် MIRT (DCCA)