Main menu

Background

ဒီတစ်ပတ် ချင်းတင်ပို့မှု အားကောင်း

Mon, 01/06/2014 - 05:34 -- ydnar

သီတင်းတစ်ပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၂၁ ရက်မှ ၂၈ ရက်နေ့တာကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ချင်း ၄၃၄ ဒသမ ၈၀ တန်ကိုတင်ပို့ခဲ့တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ အိန္ဒိယနိုင်ငံကို ၁၂၉ ဒသမ ၆ တန်၊ အာရပ်စော် ဘွားများပြည်ထောင်စုနိုင်ငံကို ၁၀၅ ဒသမ ၆ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၁၉၉ ဒသမ ၆ တန်အသီးသီးတင်ပို့ခဲ့တယ်လို့ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို အများ ဆုံးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်မှာ တန်ချိန် တစ်ရာကျော်သာတင်ပို့နိုင် ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် သုံးရာကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် တစ်ပတ်ထက် ဒီတစ်ပတ်မှာ ချင်းတင်ပို့မှုအားကောင်းခဲ့ပါတယ်။ ချင်းတင်ပို့မှုမှ ကန်ဒေါ်လာ နှစ်သိန်းလေးသောင်းလေးထောင်ကျော် ဝင်ငွေရရှိခဲ့တယ်လို့ သိရပါ တယ်။                                                      MIRT (DOT)