Main menu

Background

မြန်မာ့ရွှေဈေး အနည်းငယ် ပြန်လည်မြင့်တက်လာ

Mon, 01/06/2014 - 06:23 -- ydnar

ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် အနည်းငယ်ပြန်လည်မြင့် တက်လာခဲ့ကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ ယခင်ရက် များအတွင်းက ဆက်တိုက်ကျဆင်းခဲ့ သည့် မြန်မာ့ရွှေဈေးသည် ယခုရက်ပိုင်း တွင် အနည်းငယ်ပြန်လည်မြင့်တက် လာခဲ့ခြင်းဖြစ်ကြောင်း အောင်သမာဓိ ရွှေဆိုင်မှ ဆိုင်တာဝန်ခံတစ်ဦးက ဆို သည်။

"ရွှေဈေးက ဒီနေ့ နည်းနည်းပြန် တက်လာတယ်။ ဟိုအရင်ရက်တွေ တုန်းကဆိုရင် တော်တော်လေးကို ကျ သွားတာ။ ၆၄၇၀၀၀ လောက်အထိ ကျ သွားတယ်။ ခု ၆၅၄၀၀၀ ဆိုတော့ ပြန် တက်လာတယ်လို့ဆိုရမယ်။ ရွှေဈေးက တက်ရိပ်ကလေးပြလိုက်၊ ပြန်ကျသွား လိုက်နဲ့ဆိုတော့ ရွှေအရောင်းအဝယ်က အရင်ကလောက်မဖြစ်ဘူး။ ခပ်ပါးပါး ပဲဖြစ်တယ်။ဈေးကျတော့ အဝယ်သမား တွေကလည်း ဈေးထပ်ကျမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်နေကြသလို ရောင်းမယ့်သူတွေကလည်း ဈေးပြန် အတက်ကို စောင့်နေကြတယ်"ဟု သုံး သပ်ပြောကြားခဲ့သည်။မြန်မာ့ရွှေဈေးသည် ယခုတစ် ပတ်တွင်လည်း အတက်အကျများဖြင့် ရှိခဲ့ရာ ရွှေဝယ်ရောင်းသမားများအနေ ဖြင့် ရွှေဈေးကွက်အား စောင့်ကြည့်နေ ကြဆဲပင်ဖြစ်ပြီး အထည်လိုင်းတွင်မူ အ ဝယ်လိုက်လျက်ရှိကြောင်း ရွှေကုန် သည်တစ်ဦးက ဆိုသည်။"ဒီတစ်ပတ်အတွင်းမှာတော့ ရွှေ ဈေးက မမှန်သေးဘူး။ တက်လိုက် ကျလိုက်နဲ့ တစ်နေ့နဲ့တစ်နေ့ ဈေးက ကွာဟနေကြတာဆိုတော့ ရွှေဝယ် ရောင်းသမားတွေက ဈေးကို စောင့် ကြည့်နေကြတယ်။ ဈေးနည်းနည်းလေး တက်လာပြီဆိုတာနဲ့ သူတို့က ထုတ်ကြ တော့မှာကိုး။ ဒါပေမယ့်လည်း ဈေး က တက်တယ်ဆိုရုံလေးပဲတက်လာတာ ဆိုတော့ ခန့်မှန်းရခက်နေတယ်။ ဒါပေ မယ့် အထည်သမားတွေက ဈေးကျ လေ သူတို့က အရောင်းအဝယ်ပိုဖြစ် လေပဲဆိုတော့ သူတို့က အခြေအနေ ကောင်းတယ်လို့ပြောလို့ မရပေမယ့် လိုင်းသမားတွေနဲ့စာရင်တော့ သူတို့က အခြေအနေကောင်းတယ်လို့ပြောရမှာ ပဲ"ဟု ရွှေကုန်သည် ဦးစံမြင့်က ဆို သည်။မြန်မာ့ရွှေဈေးသည် ဒီဇင်ဘာလ ၃၀ရက်နေ့က ၆၅၀၆၀၀ ကျပ်ဖြစ်ခဲ့ပြီး ဒီဇင်ဘာလ ၃၁ရက်နေ့တွင်မူ ကျပ် ၆၄၇၀၀၀ သို့ ပြန်လည်ကျဆင်းခဲ့သည်။ သို့သော် နှစ်အစဇန်နဝါရီလ ၁ ရက် နေ့တွင်အနည်းငယ်ပြန်လည်မြင့်တက် ခဲ့ပြီး ဇန်နဝါရီလ ၂ရက်နေ့တွင်မူ ကျပ် ၆၅၄၀၀၀ သို့ မြင့်တက်ခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာလ ၃၀ရက်နေ့က ၁၂၀၅ ဒေါ်လာရှိခဲ့သော် လည်း ဒီဇင်ဘာလ ၃၁ရက်နေ့တွင် ၁၁၉၈ ဒေါ်လာသို့ ကျဆင်းခဲ့သည်။ ဇန်နဝါရီလ ၁ရက်နေ့တွင်မူ ၁၂၂၅ ဒေါ်လာသို့မြင့်တက်ခဲ့ပြီး ဇန်နဝါရီလ ၃ရက်နေ့တွင်၁၂၃၀ဒေါ်လာရှိခဲ့သည်။မယ်သီတာ