Main menu

Background

ပြင်ပဈေးကွက်များ၏ရောင်းဈေးနှင့် စင်တာများ၏ ရောင်းဈေးကွာဟချက်များလာ

Mon, 01/06/2014 - 06:24 -- ydnar

ယခုတစ်ပတ်အတွင်း ငွေလဲဈေး ကွက်အတွင်းတွင် ပြင်ပဈေးကွက်များ ၏ရောင်းဈေးနှင့်စင်တာများ၏ ရောင်း ဈေးများ ကွာဟချက်များပြားလာ ကြောင်း ငွေလဲဈေးကွက်အတွင်းမှ စုံ စမ်းသိရှိရသည်။ငွေလဲစင်တာများတွင် အမေရိ ကန်တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၉၁ ကျပ်ရှိနေချိန်တွင် ပြင်ပငွေလဲ စင် တာများတွင် ရောင်းဈေး ၉၈၄ကျပ် သာရှိကြောင်း စုံစမ်းသိရှိရသည်။

"ဒီတစ်ပတ်ငွေဈေးကွက်မှာ ရောင်းဈေးက စင်တာကဈေးနဲ့ နည်း နည်းကွာဟလာတယ်။ စင်တာတွေက တော့ ဒေါ်လာကို ထိန်းထားတဲ့ သဘောပါ။ အပြင်ထက်ဈေးမြင့်နေ တော့ သူ့တို့ဆီမှာ အဝယ်နည်းသွား တာပေါ့။ ဝယ်ဈေးမှာတော့ သိပ်မကွာ ဘူး။ ဒီနေ့(ဇန်နဝါရီ ၃ရက်)ဆို ဈေးက တစ်ကျပ်လောက်ပဲကွာတာပါ။ ခရီး သွားတွေ အဝင်များလာတာရယ်၊ နိုင်ငံ တကာမှာလည်း ဒေါ်လာက ပိုပြီးခိုင် မာတဲ့သဘောလိုမျိုးဖြစ်နေတော့ ဒေါ် လာကို အဝယ်များလာတဲ့အတွက် ဒေါ်လာဈေးက မြင့်တက်လာရတာပါ။ စတော့ရှယ်ယာဈေးတွေကလည်း ကောင်းနေတာဖြစ်တဲ့အတွက် ဒေါ်လာ က ခိုင်မာသလိုဖြစ်နေတယ်။ ရွှေထက် ဒေါ်လာကို ဦးစားပေးလာကြတဲ့အ တွက် ခုလို ရွှေဈေးတွေဆက်တိုက်ကျ ပြီး ဒေါ်လာဈေးက ခိုင်မာလာတာပါ" ဟု ပြင်ပငွေဈေးကွက်အတွင်းမှ ရောင်း ဝယ်နေသူတစ်ဦးက ဆိုသည်။ငွေလဲစင်တာများတွင် ဒီဇင်ဘာ လ ၃၀ရက်နေ့၌ ဝယ်ဈေး ၉၈၄ကျပ်၊ ရောင်းဈေး ၉၉၂ကျပ်ရှိခဲ့ပြီး ဇန်နဝါရီလ ၃ရက်နေ့တွင်မူ ဝယ်ဈေး ၉၈၃ကျပ်၊ ရောင်းဈေး ၉၉၁ကျပ်ရှိခဲ့သည်။ပြင်ပငွေဈေးကွက်တွင်ဒီဇင်ဘာ လ ၃၀ရက်နေ့၌ ဝယ်ဈေး ၉၈၅ကျပ်၊ ရောင်းဈေး ၉၈၇ကျပ်ရှိခဲ့ပြီး ဇန်နဝါရီလ ၃ ရက်နေ့တွင်မူ ဝယ်ဈေး ၉၈၂ကျပ်၊ ရောင်းဈေး ၉၈၄ကျပ်သာရှိခဲ့သည်။မယ်သီတာ