Main menu

Background

ဘိလပ်မြေဈေးနှုန်းများ (5-1-2014)

Mon, 01/06/2014 - 06:27 -- ydnar

ထိုင်း ဆင်တံဆိပ် ဘိလပ်မြေ အဝင်များ
ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ကန်ဒေါ်လာ ခုနှစ်ဆယ့် သုံးသိန်းခုနှစ်သောင်းကျော် တန်ဖိုးရှိ ဘိလပ်မြေ ၈၉၇၂၄ ဒသမ ၀၃ တန်ကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၈ ရက်နေ့အတွင်းမှာ တင်သွင်းခဲ့တယ်လို့သိရပါ တယ်။ ဒီတစ်ပတ်မှာ အိန္ဒိယနဲ့ ထိုင်းနိုင်ငံဘက်မှ ဘိလပ်မြေများဝင်လာတာတွေ့ ရပါတယ်။ အိန္ဒိယမှ တန်ချိန် ၆၅၀၀ နဲ့ ထိုင်းနိုင်ငံမှ ၈၃၂၂၄ ဒသမ ၀၃ တန်ဝင် လာခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံဘက်မှ ဆင်တံဆိပ်ဘိလပ်မြေက ဒီတစ် ပတ်မှာ အင်နဲ့ အားနဲ့ ဝင်လာတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေ အဝင်မှာ တန်ချိန် နှစ်ရာကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင် ပိုခဲ့ပါတယ်။                                                                      MIRT (DOT)

 
ဈေးကွက်မသွက်သော်လည်း ပုံမှန်လေးရောင်းဝယ်နေတဲ့ ဘိလပ်မြေ
ဒီဇင်ဘာလ ၂၂ ရက်မှ ဒီဇင်ဘာလ ၂၈ ရက် သီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန်ရှစ်သောင်းကိုးထောင်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဘိလပ်မြေအဝင်မှာ တန်ချိန်နှစ်ရာကျော်ရှိခဲ့တာ ကြောင့်ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင်တော်တော်လေးများခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်က ယခင်တစ်ပတ်မှာ တန်ချိန် တစ်သောင်း တစ် ထောင်ကျော်အဝင်ရှိခဲ့ပြီး ယခုတစ်ပတ် ဘိလပ်မြေအဝင်မှာ တန်ချိန် တစ်သောင်း နှစ်ထောင် ကိုးရာလေးဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် လေးရာ့ လေးဆယ်ကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှ ဘိလပ်မြေအဝင်တော်တော်လေးများခဲ့သလို နယ်စပ်လမ်းမှလည်း ဘိလပ်မြေ အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့သိရပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိပေမဲ့လည်း  ဈေးနဲ့ငြိမ်နေတာ နှစ်ပတ်လောက်ရှိနေပြီလို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ တာဝန်ရှိသူ တစ်ဦးမှ ပြောပါတယ်။ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေ က  စိန်(ယိုးဒယား) ၆၇၀၀ ကျပ်၊နဂါး ဘိလပ်မြေက ၅၄၀၀ ကျပ်၊ ဆင် (ထိုင်း) ဘိလပ်မြေ ၆၉၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အနောက်မြို့ ပတ်လမ်းမှာ ရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာဘိလပ်မြေက ပွင့်လင်းရာသီရောက်လာ တာကြောင့် အရောင်းအဝယ်လိုက်လာတယ်။ ဒါကြောင့်အသုံးများတဲ့ ဆင်ဘိလပ် မြေနဲ့ ကြံ့(မြိုင်ကလေး) ဘိလပ်မြေက ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါ တယ်။ ဆင်နဲ့ကြံ့(မြိုင်ကလေး) ဘိလပ်မြေကယခင်တစ်ပတ်ဈေးထက် ၅၀ ကျပ်ဈေး မြင့်လာတယ်လို့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ ဈေးကဆင်(ထိုင်း) ဘိလပ်မြေ ၄၈၅၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၃၉၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ ၄၃၂၅ ကျပ်၊ စိန်ဘိလပ်မြေ ၄၆၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေကဒီတစ်ပတ်မှာ အရောင်းအဝယ်သွက် တယ်လို့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ အေသုံးလုံး ဘိလပ်မြေ ၅၁၀၀ ကျပ်၊ မြန်မာဆင် ၄၈၀၀ ကျပ်၊ ဆင်(ထိုင်း) ၆၄၀၀ ကျပ်၊ စိန်(ထိုင်း) ၆၃၀၀ ကျပ်၊ ဆင်မင်း(ကျောက်ဆည်) ၄၆၀၀ ကျပ်၊ ကျားခေါင်း ၄၆၀၀ ကျပ်၊ မြင်းခေါင်း ၄၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ၆၂ လမ်း၊ ၂၈-၂၉ ကြားမှာ ရှိတဲ့ ပွဲရုံတန်းမှ သုံစမ်းသီရှိရပါတယ်။ မကွေးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာလည်း အရောင်း အဝယ်ပုံမှန်ရှိတယ်လို့သိရပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိပေမဲ့ ဘိလပ်မြေဈေးက ဒီတစ်ပတ်မှာ မက်စ်မြန်မာနဲ့ ဆင်မြန်မာဘိလပ်မြေက ဈေးငြိမ်ပြီး ဆင်(ထိုင်း) ဘိလပ်မြေက တစ်ရာကျပ်ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဆင်(ထိုင်း)ဘိလပ်မြေ ၆၂၀၀ ကျပ်၊ ဆင်မြန်မာ ဘိလပ်မြေ ၄၉၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၆၀၀ ကျပ်၊ မက်စ်မြန် မာ ဘိလပ်မြေ ၄၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေ အရောင်း ဆိုင်မှ စုံစမ်း သိရပါတယ်။    MIRT (DOT)