ဓာတ်မြေသြဇာ ဈေးနှုန်းများ (5-1-2014)
တရုတ်၊ ထိုင်း၊ အိန္ဒိယနဲ့ စင်ကာပူမှ တင်သွင်း ပြည်တွင်းကို ကန်ဒေါ်လာ တစ်ဆယ်သိန်းခြောက်သောင်းကျော်တန်ဖိုးရှိ မြေသြဇာ ၃၂၁၇ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဒီဇင်ဘာ ၂၂ ရက်မှ ၂၈ ရက်အတွင်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ မြေသြဇာတန်ချိန် ၂၅၄၀၊ တရုတ်နိုင်ငံမှ ၁၂၇ တန်၊ အိန္ဒိယမှတန်ချိန် ၃၀၀ နဲ့ စင်ကာပူနိုင်ငံမှ တန်ချိန် ၂၅၀ တင်သွင်းခဲ့ပါတယ်။ ဝင်လာတဲ့ မြေသြဇာများမှာ ကွန်ပေါင်းမြေသြဇာ၊ ကောမတ်၊ ပိုတက်စတဲ့မြေသြဇာများဖြစ်ပါတယ်။ ယခင်သီ တင်းပတ်မြေသြဇာတန်ချိန်မှာ သုံးထောင့်ရှစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ခြောက်ရာကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။MIRT (DOT)
ယခင်တစ်ပတ်အတိုင်း ဈေးပြောင်းလဲမှုမရှိ လည်ပတ်နေတဲ့ ဓာတ်မြေသြဇာ
ဒီဇင်ဘာလ ၂၂ ရက်မှ ဒီဇင်ဘာလ ၂၈ ရက်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ တန်ချိန် သုံးထောင့်နှစ်ရာတစ်ဆယ့်ခုနှစ်တန်ဝင်ခဲ့တယ်လို့သိရပါတယ်။ ယခင်တစ်ပတ်မှာမြေသြဇာအဝင်ကတန်ချိန်သုံးထောင့်ရှစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန်ငါးရာ့ကိုးဆယ်ကျော် အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ယခု တစ်ပတ်နယ်စပ်လမ်းမှမြေသြဇာအဝင်က တန်ချိန်နှစ်သောင်းသုံးထောင်ခုနှစ်ရာ ကျော်ရှိခဲ့ပြီးယခင်တစ်ပတ်မြေသြဇာအဝင်မှာတန်ချိန်တစ်သောင်းခြောက်ထောင် ကိုးရာကျော်ရှိခဲ့တာကြောင့်ဒီတစ်ပတ်မှာတန်ချိန် ခြောက်ထောင်ခုနှစ်ရာကျော် အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ဒီတစ်ပတ်မှာရေလမ်းမှမြေသြဇာ အဝင် လျော့ခဲပေမဲ့ နယ်စပ်လမ်းမှအဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ မော်လမြိုင် ၊ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမှာ ဈေးငြိမ်နေပေမဲ့မကွေးမှာတော့ဈေးအနည်းငယ်ကျပြီးအရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ်မြေသြဇာ အရောင်းအ ဝယ်က မော်လမြိုင်၊ ရန်ကုန်၊ တောင်ကြီး၊ မန္တလေး၊ မကွေးမှာ အရောင်းပုံမှန်ရှိတယ်လို့သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ်မှာ မြေသြဇာအရောင်းအဝယ် ကောင်း လာတယ်လို့သိရပါတယ်။ဒီတစ်ပတ်ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်း တွေမှာ ယခင်ဈေးအတိုင်း ပုလဲ-အသေး ၄၆ရာခိုင်နှုန်း (ရွှေတုံး ၊ ရွှေပျား ၊ရွှေတောင် -တရုတ်) ၂၁၀၀၀ ကျပ်၊ ကွန် ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ၃၅၀၀၀ကျပ်၊ ကွန်ပေါင်း(ပန်းရောင်) (ထိုင်း)၃၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) ၂၈၅၀၀ ကျပ်၊ တီစူပါ ၄၆ရာခိုင်နှုန်း (သံကွင်း-တရုတ်) ၂၀၅၀၀ကျပ်၊တီစူပါ ၁၆ ရာခိုင်နှုန်း(မြားကမ္ဘာ-တရုတ်)၁၀၅၀၀ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက် အတွင်းမှ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ အရောင်းအ ဝယ်ပုံမှန်ရှိတယ်လို့သိရပါတယ်။ အရောင်းအဝယ်ကောင်းပေမဲ့ ဒီတစ်ပတ်မှာ မြေသြဇာဈေးကငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၁၉၆၀၀ ကျပ်၊ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၁၂၀၀ ကျပ်၊ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၁၉၉၀၀ ကျပ်၊ တီစူပါ ၁၂%(တရုတ်) ၈၈၀၀ ကျပ်၊ တီစူပါ ၁၆%(တရုတ်) ၉၄၀၀ ကျပ်၊ တီစူပါ(၁၅း၁၅း၁၅-တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ(၁၀း၁၀း၅-တရုတ်) ၁၄၂၀၀ ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၃၀၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၅၅၀၀ကျပ်၊ ယူရီးယား(ယူအေအီး) ၁၉၅၀၀ ကျပ်၊ မြားကမ္ဘာ ၁၄၁၀၀ ကျပ်ဈေးရှိတယ်လို့ အရှေ့မြို့ပတ်လမ်းမှာရှိတဲ့ မြေသြဇာ အရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။မကွေးမြေသြဇာဈေးကွက်မှာ မြေသြဇာကဒီတစ်ပတ်မှာ အရောင်း အဝယ်အေးတယ်လို့သိရပါတယ်။အရောင်းအဝယ်အေးတာကြောင့်လည်းမြေသြဇာ ဈေးက ကျလာတယ်လို့ဆိုပါတယ်။ ဒီအချိန်က ကြက်သွန်အတွက် မှိုသတ်ဆေးဘဲ အသုံးများတယ်။ ဒီတစ်ပတ်မှာ ယူရီးယားမြေသြဇာတစ်မျိုးသာ ဈေးအနည်းငယ် မြင့်ပြီး ကျန်မြေသြဇာတွေက ဈေးကျလာတယ်လို့ သိရပါ တယ်။ ဈေးကျလာ တာလည်း ၃၀၀ ကျပ်မှ ၅၀၀ ကျပ်အတွင်း ဈေးကျလာ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲအရောင်း အဝယ်ဖြစ်တဲ့ဈေး မှာမြှားကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ)၁၄၀၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၂၀၇၀၀ ကျပ်၊ တီစူပါ (မြားနီ -တရုတ်) ၁၉၀၀၀ ကျပ်၊မြား ကမ္ဘာ-တရုတ် ၁၂း၁၃(အစိမ်း) ၁၃၅၀၀ ကျပ်၊ ဆင် (၁၀း၁၀း၅) ၁၃၅၀၀ကျပ် ၊ အာမို(၁၀း၁၀း၅) ၁၄၈၀၀ ကျပ်၊ အာမို ၁၅ ပတ်လည် ၃၄၅၀၀ ကျပ်၊ အာမို (၁၆း၁၆း၈) ၃၂၅၀၀ ကျပ်၊အောင်ကမ္ဘာ (၁၀း၁၀း၅) ၁၆၀၀၀ ကျပ် နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့သိရပါတယ်။မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် မှာ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ယူရီးယား (ရွှေတောင်-တရုတ်)နဲ့ တီစူပါ ၄၆ ရာခိုင်နှုန်းက ဈေးအနည်းငယ်မြင့်ပြီး အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ ဒီအချိန်က ဧရာဝတီတိုင်းက အသုံးများတာကြောင့် အဲ့ဒီဘက်ကသုံး တဲ့ မြေသြဇာ တွေကအဝယ်လိုက်တယ် လို့ ပြောပါတယ်။ ဒီတစ်ပတ်အရောင်း အဝယ်ဖြစ်တဲ့ဈေးမှာ ယူရီးယား (ရွှေ တောင်-တရုတ်) ၁၉၀၀၀ ကျပ်၊ ကွန် ပေါင်း(၁၀း၁၀း၅) ၁၂၆၀၀ ကျပ်၊ တီစူ ပါ (GTSP ၄၆% -တရုတ်) ၁၈၀၀၀ ကျပ်၊ တီစူပါ(GSSP ၁၆%-တရုတ်) ၈၂၀၀ ကျပ်၊ တီစူပါ (GTSP ၁၂%-တရုတ်) ၇၆၀၀ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။MIRT (DOT)
