Main menu

Background

ယွမ်ငွေတန်ဖိုးမြင့်တက်ခြင်းက တရုတ်စီးပွားရေးတိုးတက်မှုကို ထိခိုက်စေ

Wed, 09/15/2010 - 05:11 -- Anonymous (not verified)

 ယွမ်ငွေတန်ဖိုးမြင့်တက်ခြင်းက တရုတ်စီးပွားရေးတိုးတက်မှုကို ထိခိုက်စေ     နိုင်ငံခြားငွေလဲလှယ်နှုန်း ပိုမိုမြင့်တက်ခြင်းက စီးပွားရေးတိုးတက်မှုကို ဆိုးကိုျးသက်ရောက်စေတာကြောင့် တရုတ်နိုင်ငံ ဟာ ယွမ်ငွေတန်ဖိုးမြင့်တင်ခြင်း အတွက် ပြင်ပဖိအား (external pressure)  ကို ခံနိုင်စွမ်းရှိဖို့လိုကြောင်း သိရပါ တယ်။ တရုတ်အစိုးရအဖွဲ့လက်အောက်မှာရှိတဲ့ အကြံပေးစီးပွားရေးပညာရှင် တွေက ယွမ်ငွေတန်ဖိုး သိသိသာသာ မြင့်တက်ခြင်းက ၂ဝ၁၁ ခုနှစ်ရဲ့ စီးပွားရေးဟာ အရင်ကမှန်းထားခဲ့တဲ့ ၁၁ဒသမ ၂ရာခိုင်နှုန်းကနေ ၈ဒသမ ၄ရာခိုင်နှုန်း ကို ကျဆင်းစေပါလိမ့်မယ်လို့ ဆိုကြပါတယ်။ ယွမ်ငွေတန်ဖိုးဟာ ယူရိုငွေကြေးနဲ့ယှဉ်ရင် တန်ဖိုးမြင့်တက်လာနိုင်ကြောင်း၊ အမေရိကန်ဒေါ်လာနဲ့ယှဉ်ရင် ယွမ်ငွေတန်ဖိုးကျဆင်းနိုင်ကြောင်း ၎င်းပညာရှင်တွေက ခန့်မှန်းပြောကြားပါတယ်။  တရုတ်နိုင်ငံဟာ၁၉-၆-၂ဝ၁ဝရက်နေ့မှာ ပိုပြီးပြောင်းလွယ်ပြင်လွယ်ဖြစ်စေဖို့အတွက် ယွမ်ငွေတန်ဖိုးကိုမြင့်တင်လိုက် ပါတယ်။ ယွမ်ငွေတန်ဖိုးမြှင့်တင် လိုက်တာ ၃ လနီးပါးရှိပြီ ဖြစ်ပါတယ်။ ''ယွမ်ငွေတန်ဖိုးမြှင့်တင်ခြင်းအတွက် ပြင်ပဖိအားကို   ခံနိုင်စွမ်းရှိရပါမယ်။ပို့ကုန်တိုးတက်မှု အများကြီးကျဆင်းတာ (bigdrop) ကိုကာကွယ်ရပါမယ်''လို့ အကြံပေးစီးပွားရေ းပညာရှင်တွေက ဖြည့်စွက်ပြောကြားပါတယ်။ ''ယွမ်ရဲ့အမည်ခံ နိုင်ငံခြားငွေလဲလှယ်နှုန်း  (nominal effecitve exchange rate)ကို အလေးထားစောင့်ကြည့်ရပါမယ်။ အထူးသဖြင့် အမေရိကန်ဒေါ်လာအပြင် အခြားငွေကြေးတွေနဲ့လဲလှယ်တဲ့ ယွမ်ရဲ့တန်ဖိုးကို စောင့်ကြည့်ရပါမယ်''လို့ တရုတ်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ပြောကြားပါတယ်။                           Source:economictimes.com, သိန်းမြင့်ဝေ