Main menu

Background

မုံရွာကုန်စည်ဒိုင် နှစ်ဆန်း ဆီထွက်သီးနှံဈေးကွက်

Mon, 01/06/2014 - 06:35 -- ydnar

မုံရွာကုန်စည်ဒိုင် ဇန်နဝါရီလ ပထမပတ် နှစ်ဆန်းဆီထွက်သီးနှံ ဈေး ကွက်မှာ နှမ်းမျိုးစုံ ဆက်လက်ဈေးမာ ပေမဲ့ နယ်ကနှမ်းဝင်ရောက်မှုကတော့ အနည်းငယ်လျော့သွားပြီလို့သိရပါတယ်။ ယခုတစ်ပတ် နှမ်းဈေးကွက်မှာ နှမ်း ညိုဟာတစ်တင်း၄၂၀၀၀ကျပ်မှာ ဆက် လက်ငြိမ်နေပြီး၊ နှမ်းဝါကတော့ ပြီးခဲ့တဲ့ တစ်ပတ်ထက် တစ်တင်း ၁၀၀၀ ကျပ် လျော့ကာ ၄၆၀၀၀ ကျပ် ဈေးပေါက်ခဲ့ ပါတယ်။ နှမ်းဖြူလည်း ယခင်အပတ်က ထက် တစ်တင်း ၁၅၀၀ ကျပ်ဈေးကျ ကာ ၅၃၀၀၀ ကျပ်ထိ ဈေးပေါက်ခဲ့ပေမဲ့  ပစ္စည်းကတော့ ရှားသွားပြီလို့ ပွဲရုံရပ် ကွက်က ဆိုပါတယ်။

ယခုတစ်ပတ် အတွင်း မုံရွာကုန်စည်ဒိုင်အနေနဲ့ နှမ်းမျိုးစုံတစ်ရက်အိတ် ၅၀၀ ဝန်းကျင်မျှ အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ ဈေး ကွက်က ဆိုပါတယ်။ ယခုတစ်ပတ် မြေပဲဆန်ဈေးကွက် မှာတော့ ဒေသသုံးစွဲမှု အားကောင်းနေ တဲ့အတွက်ဈေးကွက်ထဲကိုဒေသတွင်း မြေပဲများသာမက မကွေးမြေပဲများပါ ဝင်ရောက်မှုရှိတယ်လို့သိရပါတယ်။ မကွေးမြေပဲဆန်ဟာ အလုံးလှတဲ့ အတွက် ဆားလှော်သမားများဝယ်ယူမှု ရှိပြီး ဒေသထွက် စပိန်ဆန်ခေါ် လုံး ဆန်သေးများကိုတော့ ဆီထွက်နှုန်း ကောင်းလို့ ဒေသခံစက်သမားတွေ ဆွဲ အားကောင်းတယ်လို့ဆိုပါတယ်။ ယခု တစ်ပတ် ပေါက်ဈေးအနေနဲ့ မြေပဲဆန်နီ တစ်ပိဿာ ၁၆၇၅ ကျပ်မှ ၁၇၀၀ ကျပ်နဲ့ လုံးဆန်တစ်တင်း ၂၆၈၀၀ ကျပ် အသီးသီးဈေးငြိမ်နေတာတွေ့ရပါတယ်။ စားဆီဈေးကွက်အနေနဲ့ နှမ်း ဆီဟာ နှစ်ဟောင်းဈေးကွက် ပိတ်ချိန် ကလို တစ်ပိဿာ ၅၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေပြီး၊ ပဲဆီကတော့ တစ် ပိဿာ ၂၉၅၀ ကျပ်မှ ၂၉၀၀ ကျပ်သို့ ကျသွားတာတွေ့ရပါတယ်။ စားအုန်းဆီ ဈေးက တော့ တစ်ပိဿာ ၁၆၇၀ ကျပ်၊ ၁၆၉၀ ကျပ်ကြားငြိမ်နေပါတယ်။ မုံရွာဒေသအတွင်းရှိ ကျေးလက် ဆီစက် တွေမှာ မြေပဲဆန်ဝယ်ယူကြိတ်ခွဲပြီး ပဲဆီသန့်ကိုမုံရွာပွဲရုံတွေထိတင်ပို့ရောင်း ချမှု တွင်ကျယ်နေတယ်လို့ ဆိုပါတယ်။ မြို့ပြစားဆီဈေးကွက်မှာ ရောင်းချ နေတဲ့ စားသုံးဆီတွေရဲ့ဈေးနှုန်းနဲ့ အရည်အသွေးကို စိတ်မချတဲ့ စားသုံး သူ တွေက အခုလိုဆီစက်ငယ်တွေမှာ မြေပဲအပ်၊ ဆီယူစနစ်နဲ့ ကြိတ်ခွဲစားသုံး မှု အရင်ကထက် ပိုမိုများပြားလာတယ် လို့ ဈေးကွက်ကဆိုပါတယ်။ ထွန်းလှိုင်-မုံရွာ