Main menu

Background

ဘုရင့်နောင်ဈေးကွက်

Mon, 01/06/2014 - 06:56 -- ydnar

ဘုရင့်နောင် ဈေးကွက်မှာ ပြည်ပသို့တင်ပို့ ရောင်းချမည့် ကုန်သည်များက မတ်ပဲကို ဈေးပေးအဝယ်ရှိလို့ ဈေးအနည်းငယ်မြင့်၊ ပဲစင်းငုံနီကတော့ ရောင်းသူဝယ်သူဈေးညိုမရလို့  အရောင်းအဝယ်မဖြစ်
ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ (RC) ကိုပြည်ပသို့ တင်ပို့ရောင်းချမည့်ကုန်သည်များက ဈေးအနည်းငယ်တိုးပေးပြီး အ ဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်တန်ကို အနိမ့်ဆုံး ၅၉၂၅၀၀ ကျပ်မှ အမြင့်ဆုံး ၅၉၈၀၀၀ ကျပ် ဈေးအတွင်း တန် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ပဲစင်းငုံနီအနေဖြင့် (အသစ်)ရော (အဟောင်း)ပါ ရောင်းသူ ဝယ်သူဈေးညှိမရလို့ အရောင်းအဝယ်မဖြစ်ခဲ့ကြောင်း ဈေးကွက်အ တွင်းမှသိရပါတယ်။