Main menu

Background

မကွေးဈေးကွက်မှာ ပဲတီစိမ်းနဲ့ ပဲနောက်အဝင်နည်းပေမယ့် အရောင်း အဝယ်ပုံမှန်ရှိနေ၊ ပဲစင်းငုံနီ(သစ်)ကို ရန်ကုန်ဝယ်အားပြန်လိုက်လာ နှမ်းမျိုးစုံကို မန္တလေးအဝယ်နည်း

Mon, 01/06/2014 - 07:12 -- ydnar

မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းနဲ့ ပဲနောက်က ဈေးကွက် သို့ဝင်ရောက်မှုနည်းပေမယ့် ဝယ်လက်တွေကတော့ ဝယ်အားပုံမှန်ရှိ နေတယ်လို့ဆိုပါတယ်။ အရောင်းအဝယ်အနေဖြင့် ပဲတီစိမ်းတစ်ပိဝ ဿာ ၁၄၄၇ ကျပ်(တစ်တန်ကို ၈၈၆၁၂၈ ကျပ်)၊ ပဲနောက်တစ်ပိဿာ ၁၃၅၃ ကျပ်(တစ်တန်ကို ၈၂၈၅၆၃ ကျပ်)ဈေးဖြင့် နှစ်မျိုးပေါင်းတစ် ရက်ကိုအိတ် ၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီ(သစ်) က ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်ကလည်း အ ရည်အသွေးအပေါ်မူတည်ပြီး ဝယ်အားရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းရောင်စုံက ဈေးကွက်သို့ဝင်ရောက်မှုပုံမှန်ရှိပေမယ့် မန္တလေးဝယ်လက်နှင့် နှမ်းလှောင်လုပ်ငန်းရှင်များက ဝယ်အားနည်း ခဲ့တယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။ အရောင်းအဝယ်အနေ ဖြင့် နှမ်းနီတစ်ပိဿာ ၃၀၆၀ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၃၄၉၀ ကျပ်၊ နှမ်းနက်ရိုးရိုးတစ်ပိဿာ ၃၂၂၅ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၃၆၇၀ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၈၀၀ ကျပ်ဈေးဖြင့် နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။