Main menu

Background

မုံရွာဈေးကွက်မှာ မတ်ပဲ(သစ်)နှင့် ပဲစင်းငုံနီ(သစ်)ဈေးကွက်ထဲဝင်ရောက် ပဲတီစိမ်းကို မန္တလေးဝယ်အားပုံမှန်ရှိ

Mon, 01/06/2014 - 07:26 -- ydnar

မုံရွာဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ(သစ်)တွေ ဈေးကွက်ထဲ စတင်ဝင်ရောက်လာပြီ တစ်ပိဿာကို ၈၆၀ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်)ဈေးဖြင့် ဈေးဖွင့်အရောင်းရှိခဲ့သလို ပဲခွဲစက်နှင့် မန္တလေးဝယ်လက်ကလည်း အရည်အသွေးအလိုက်ဝယ်အား တစ် ရက် ကိုအိတ် ၂၀၀ ခန့်ရှိခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီ (သစ်) အနေဖြင့်တစ်ပိဿာ ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်) ဈေး ဖြင့် ရန်ကုန်ဝယ်လက်က တစ်ရက်ကိုအိတ် ၁၀၀ မှ ၂၀၀ ကြား ဝယ်အားရှိခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီးနှင့် ပဲတီစိမ်းသေးကို မန္တလေးဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ဈေးတန့်နေကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် ပဲတီစိမ်းကြီးတစ်ပိဿာ ၁၅၂၆ ကျပ်(တစ်တန်ကို ၉၃၄၅၀၇ ကျပ်)၊ ပဲတီစိမ်းသေးတစ်ပိဿာ ၁၃၉၅ ကျပ်(တစ်တန်ကို ၈၅၄၂၈၄ ကျပ်)ဈေးဖြင့် နှစ်မျိုးပေါင်းတစ် ရက်ကိုအိတ် ၄၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။