Main menu

Background

ပြောင်းတန်ချိန် ၄ သောင်းနီးပါး တင်ပို့နိုင်

Mon, 01/06/2014 - 07:54 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ကန်ပိုက်တီးစခန်းများမှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ကန်ဒေါ်လာ ၁၁ ဒသမ ၂၆၂ သန်းတန်ဖိုး ရှိတဲ့ ပြောင်းဖူးစေ့တန်ချိန် ၃၉၂၇၄ တန်တင်ပို့ခဲ့ပါတယ်။  စခန်းအလိုက်တင်ပို့ခဲ့တဲ့ တန်ချိန်တွေကတော့ မူဆယ်မှ ၂၆၄၈၉ တန်ကျော်၊ ချင်းရွှေဟော်မှ ၁၂၇၇၃ တန်နဲ့ ကန်ပိုက်တီးမှ ၁၂ တန်အသီးသီးဖြစ်ပါတယ်။

ယခင်အပတ်ကလည်း ဒီစခန်း (၃) ခုပေါင်းတင်ပို့တဲ့ပြောင်းတန်ချိန် က ၂၉၀၂၁ တန်ခွဲဖြစ်တာမို့ ယခုအပတ်မှာ ပြောင်းတင်ပို့မှုတန်ချိန် ၁၀၂၅၂ တန်ခွဲ ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ ရပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာလည်း ယခင်အပတ်ကပြောင်းတစ်တန်ကို မိမိဘက်ဈေး ၂၈၇၁၁၅ ကျပ်မှ ယခုအပတ် ၂၈၈၀၄၉ ကျပ်သို့မြင့်တက်လာပါတယ်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ လအတွင်း နယ်စပ်စခန်းများမှ တင်ပို့ခဲ့တဲ့ ပြောင်းတန်ချိန် ၁၂၈၀၂၉ တန်ခန့် ရှိပါတယ်။ ပြောင်းဖူးကိုမြန်မာနိုင်ငံအနံှ့အပြားမှာစိုက်ပျိုးဖြစ်ထွန်းပြီး လက်ရှိ ကာလမှာမြေလတ်ဒေသဖြစ်တဲ့ ရမည်းသင်း၊ တပ်ကုန်း၊ တောင်ငူ၊ ပျဉ်းမနားစတဲ့ ဒေသတွေမှာလည်း ပြောင်းဖူးထွက်ရှိပါတယ်။ ရှမ်းပြည်နယ် (မြောက်) ပိုင်းမှာ ပြောင်းဖူးကို အဓိကထားစိုက်ပျိုးပေမဲ့ ရှမ်းပြောင်းတွေက မန္တလေးကို ဆင်းလာခြင်း မရှိဘဲ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့သာ တိုက်ရိုက်တင်ပို့နေကြတယ်လို့ သိရပါ တယ်။မော်မော်အောင်၊ MIRT (DCCA)