Main menu

Background

တရုတ်လမုန့်ပွဲတော်နီးကပ်၊ ရာသီဥတုဖောက်ပြန် သကြားဈေးစံချိန်တင်မြင့်တက်

Wed, 09/15/2010 - 05:25 -- Anonymous (not verified)

 တရုတ်လမုန့်ပွဲတော်နီးကပ်၊ ရာသီဥတုဖောက်ပြန် သကြားဈေးစံချိန်တင်မြင့်တက်    တရုတ်ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ လမုန့်စားပွဲတော်နီးကပ်လာပြီဖြစ်တဲ့အတွက် ဂုံျ၊ သကြားတို့နဲ့ ပြုလုပ်တဲ့ စားသောက် ကုန်ပစ္စည်းတွေ ဈေးနှုန်းတိုးမြှင့်ရောင်းချလျက်ရှိပါတယ်။ သကြားတစ်တန်ရဲ့ဈေးက ၅၄၈ဝ ယွမ် (ဒေါ်လာ ၈ဝဝ ခန့်) ပေါက်လျက်ရှိပါတယ်။ ၂ဝဝ၈ ခုနှစ် အောက်တိုဘာလမှာတုန်းက သကြားတစ်တန်ကို ယွမ်၂၆၂ဝ( ဒေါ်လာ ၃၉ဝ ခန့် ) ထိသာရှိခဲ့ပြီး သြဂုတ်လမှာ ယွမ် ၅၄၅ဝ (ဒေါ်လာ ၈ဝဝ ခန့် )သို့ မြင့်တက်ရာမှ ဆက်တိုက်မြင့်တက်နေတာဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်နောက်ပိုင်း ၁၅ နှစ်တာကာလရဲ့ သကြားလက်ကား ဈေးနှုန်းဟာ ယခုအခါအမြင့်ဆုံး စံချိန်တင်သွားကြောင်း သိရပါတယ်။ ရာသီဥတုဖောက်ပြန်မှုနဲ့ သက်ဆိုင်ကြောင်းနဲ့ မိုးရေလွှမ်းမှု၊ မိုးသည်းထန်မှုတို့ လျော့နည်းလာပါက ဈေးနှုန်းများကျဆင်းပြီး တည်ငြိမ်လာဖွယ်ရှိတယ်လို့ သတင်းများမှာ ဖော်ပြထားပါတယ်။Source:      ရှင်စိပေါင်၊ သောင်းနိုင် (မူဆယ်)