Main menu

Background

မန်းရွှေဈေးကျသော်လည်း အရောင်းအဝယ်ကျဆင်းခြင်းမရှိ

Mon, 01/06/2014 - 08:04 -- ydnar

မြန်မာ့ရွှေဈေး ကျဆင်းသော် လည်း ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စ ကို ၁၂၀၀ ဝန်းကျင်ရှိနေခြင်းကြောင့် ရွှေအဝယ်မကျခြင်းဖြစ်ကြောင်း၊မန္တလေး မြို့ရှိ ရွှေအရောင်းဆိုင်ရှင်တစ်ဦးထံမှ သိရပါတယ်။

"ရွှေဈေးကျပေမယ့်နယ်ဝယ် လက်ရောမြို့ပေါ်မှာပါအရောင်းအဝယ် ဖြစ်ပါတယ်။ နယ်ဘက်က စပါးပေါ်ချိန်၊ ကောက်ပဲသီးနှံထွက်ချိန် ဖြစ်နေတော့ ရွှေအဝယ်လိုက်တယ်။မြို့ပေါ်ထက်နယ် ဘက်ကပိုပြီး အရောင်းအဝယ်ဖြစ် တယ်။မြို့ပေါ်ကလည်း အဝယ်ရှိပါ တယ်။ ကမ္ဘာ့ရွှေဈေးက တစ်အောင်စ ကို ဒေါ်လာ ၁၂၀၀ ဝန်းကျင်မှာရှိနေ တော့ဈေးထပ်တက်နိုင်တယ်ဆိုပြီး၊ ယခု လမှာအဝယ်ပိုလိုက်တယ်။ဈေးကျ လည်းအကျဈေးကိုအကျဈေးနဲ့ ပြန် ဝယ်တော့အရှုံးကြီးမဖြစ်ပါဘူး။ရွှေတစ် ကျပ်သားကိုကျပ် ၆၈၀၀၀၀နဲ့ ဝယ်ထား တဲ့သူက ၆၆၀၀၀၀ ဝန်းကျင်ဈေးမှာ ပြန်ရောင်းရင် ၂ သောင်းရှုံးတယ်။ အခု ၆၄၀၀၀၀ ကျပ် ဝန်းကျင်ဈေးမှာပြန်ဝယ် ထားရင် အရင်းပြန်ရပြီ။ အခုလဆန်းမှာ ကျပ် ၆၅၀၀၀၀ ဝန်းကျင်ပြန်ဖြစ်နေ တော့ ပြန်ဝယ်ကြတယ်"လို့ အဆိုပါ ရွှေဆိုင်ရှင်က ပြောပါတယ်။ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စကို ဒေါ်လာ၁၂၀၀၀န်းကျင်ရှိလို့ ရွှေဝယ်သူ များမှာ ရွှေဈေးပြန်တက်မယ်လို့ ခန့်မှန်း ခြင်းကြောင့် ယခုလမှာရွှေဝယ်ယူမှု ပြန် လိုက်လာကြောင်းသိရပါတယ်။မန္တလေး ရွှေဈေးကွက်မှာ ၂၀၁၃ ခု ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မြန်မာ့ရွှေတစ် ကျပ်သား ကိုအမြင့်ဆုံးဈေး၆၅၁၂၀၀ကျပ်၊အနိမ့်ဆုံး ဈေး ၆၅၀၂၀၀ ကျပ်၊ ကမ္ဘာ့ဈေးတစ် အောင်စကို အမြင့်ဆုံး၁၂၁၉ ဒေါ်လာ၊ အနိမ့်ဆုံး ၁၂၁၂ ဒေါ်လာ၊ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ အမြင့်ဆုံးဈေး ၆၅၁၈၀၀ ကျပ်၊ အနိမ့်ဆုံးဈေး ၆၅၁၃၀၀ ကျပ်၊ ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁၂၁၂ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ အမြင့်ဆုံး ၆၅၀၅၀၀ ကျပ်၊ အနိမ့်ဆုံး ၆၄၈၉၀၀ ကျပ်၊ ကမ္ဘာ့ ရွှေဈေး တစ်အောင်စကို အမြင့်ဆုံး ၁၂၁၄၊ အနိမ့်ဆုံး ၁၁၉၈ ဒေါ်လာ၊ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ အမြင့်ဆုံးဈေး ၆၄၇၅၀၀ ကျပ်၊အနိမ့်ဆုံးဈေး ၆၄၅၇၀၀ ကျပ်၊ ကမ္ဘာ့ရွှေဈေးတစ်အောင်စကို ၁၁၈၂ ဒေါ်လာဈေးရှိပြီး၊ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့မှာ မြန်မာ့ရွှေဈေး အမြင့်ဆုံး ၆၄၅၇၀၀ ကျပ်၊ အနိမ့်ဆုံး ဈေး ၆၄၇၇၀၀ ကျပ်၊ ကမ္ဘာ့ရွှေဈေးမှာ ၁၂၀၅ ဒေါ်လာနဲ့ ဈေးငြိမ်နေကြောင်း သိရပါတယ်။        ဇူးဇူး - မန္တလေး