Main menu

Background

ကားပေါ ကုန်ရှား တွက်ခြေကိုက်မှုနည်းနေတဲ့ကုန်စည်ပို့ဆောင်ရေး

Mon, 01/06/2014 - 08:20 -- ydnar

မန္တလေးမြို့ အဝေးပြေးကုန်စည် ယာဉ်ရပ်နားစခန်း(စွယ်တော်ကားကြီးဝင်း) အတွင်းကုန်စည်ပို့ဆောင်ရေးဂိတ်ပေါင်း ၂၆၀ ရှိပြီး၊ အသင်းဝင်ဦးရေပေါင်း ၃၁၉ ဦးရှိတယ်လို့ သိရပါတယ်။ ဂိတ်ပေါင်း ၂၆၀ မှာ မန်း - မူဆယ်ပြေးဆွဲတဲ့ ဂိတ် ၇၉ ဂိတ်ရှိပြီး၊ တစ်ရက်ကို ၁၂ ဘီးကား၊ ၆ဘီးကားအစီးပေါင်း၁၀၀၀ခန့်အတက် အဆင်းရှိပြီး၊ ၁၀ ဘီးကားနဲ့ ၈ ဘီးကား များအနေနဲ့ ၁၂ ဘီးကားနဲ့ ယှဉ်ပါက အခွင့်အလမ်းကွာဟမှုရှိတာကြောင့်၎င်းင်း ကားများအနေနဲ့အလုပ်အကိုင်အခွင့် အလမ်းများပျောက်သလောက်ဖြစ်နေ ကြောင်းလည်းသိရပါတယ်။

၆ ဘီးကား များအနေနဲ့ သစ်သီး ရာသီချိန်ရှိတဲ့ အတွက်အခွင့်အလမ်းအနည်းငယ်ရှိသေး ကြောင်း ယာဉ်ပိုင်ရှင်များကဆိုပါတယ်။ ၁၂ ဘီးကားကို ယခင်က ကုန်တန် ချိန်၄၀တင်ဆောင်နိုင်သော်လည်း၊ ယခု အခါဆောက်လုပ်ရေးမူဝါဒ၊ပို့ဆက်မူဝါဒ သတ်မှတ်ချက်များအရ ၁၂ ဘီးကား၊ ၂၂ ဘီးတွဲကားများ ကုန်တန်ချိန် ၃၂ တန်သာတင်ရတဲ့အတွက်တွက်ခြေကိုက် မှုနည်းပါးကြောင်း၊ ကားပေါများခြင်း၊ ကုန်ရှားပါးခြင်း၊ကုန်တန်ချိန်လျော့နည်း တင်ဆောင်ရခြင်းတို့ကြောင့်တွက်ခြေ ကိုက်မှုနည်းပါးသဖြင့် ပွင့်လင်းရာသီ ငွေစုရမဲ့အချိန်မှာ ငွေစုဖို့ခက်ခဲမှု ရှိကြောင်း၊ လက်ရှိပွင့်လင်းရာသီမှာ ကားတစ်ခေါက် ၃သိန်းခန့်ကျန်ရှိသော် လည်း၊ မိုးရာသီကုန်ရှားပါးချိန်မှာ ကား တစ်ခေါက် ၁ သိန်းနဲ့ ၈ သောင်းကြား သာရရှိပြီး၊ကားပြင်ဆင်ဖို့အတွက်ပွင့်လင်း ရာသီတစ်ခုသာငွေစုဖို့အတွက်အားထား နေရကြောင်း သိရပါတယ်။ ကားဈေးများကျလာသော်လည်းယာဉ် အပိုပစ္စည်းများဈေးမကျတဲ့အတွက် ယာဉ်ပြင်ဆင်စရိတ်ကြီးမားနေပြီး၊ ဈေး သက်သာတဲ့တရုတ်တာယာများသာဝယ် ယူသုံးစွဲနေရကြောင်း၊အိန္ဒိယ၊ ယိုးဒယား ပစ္စည်းဝယ်သုံးပါကရတဲ့ကားခနဲ့ ဝယ်ယူ သုံးစွဲနိုင်ဖို့ ခက်ခဲတဲ့အတွက် မော်တော် ယာဉ်အပိုပစ္စည်းများ ဈေးနှုန်းသက်သာ စွာနဲ့တင်သွင်းပေးမယ်ဆိုပါကကုန်စည် ပို့ဆောင်ရေးလုပ်ငန်းအတွက်အထောက် အကူရရှိမယ်လို့ မျှော်လင့်မိကြောင်း အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ရှင်များထံမှ သိရပါတယ်။ခင်မြင့်မြင့်သန်း - မန္တလေး