ရှေ့ဆက် ချီတက်နေဦးမယ့် မြန်မာ့ဆန်ဈေးကွက်
ရန်ကုန်မြို့၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကား ဆန်ဈေးမှာ ယနေ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ပေါ်ဆန်း(ဖျာပုံ) (လတ်စ) တစ်အိတ် ၂၄၀၀၀ ကျပ်၊ ပေါ်ဆန်း (ဖျာပုံ) (ထိပ်စ) တစ်အိတ်ကို ၂၄၅၀၀ ကျပ် ဖြစ်သဖြင့် ယခင် အပတ်ထက် ၁၀၀၀ ကျပ်၊ ပေါ်ဆန်း(နယ်စုံ) (လတ် စ) တစ်အိတ် ၂၂၅၀၀ ကျပ်၊ ပေါ်ဆန်း (နယ်စုံ)(ထိပ်စ)တစ်အိတ် ၂၄၅၀၀ ကျပ် ဖြစ်သဖြင့်ယခင်အပတ်ထက်၅၀၀ ကျပ်၊ ပေါ်ကျွဲ(လတ်စ) တစ်အိတ် ၁၇၀၀၀ ကျပ်၊ ဧည့်မထ(ထိပ်စ) တစ်အိတ် ၁၇၀၀၀ ကျပ်ဖြစ်သဖြင့် ယခင်အပတ် ထက် ၂၀၀ ကျပ် အသီးသီး ဈေးပြန်ကျ လာတာတွေ့ရပါတယ်။
အထူးသဖြင့် ဆန်ချောဖြစ်တဲ့ ဧရာဝတီ ပေါ်ဆန်း တစ်အိတ်ကို ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ် အတွင်း ဈေးပြန်ကျလာတာ တွေ့ရပါ တယ်။ ယခုနှစ် ရွှေဘိုပေါ်ဆန်း စပါး အထွက် နည်းပြီး၊ ယခင်နှစ်ထက် ဈေးတက်တာနဲ့အတူ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်ဈေးနဲ့ဧရာဝတီ ပေါ်ဆန်း ဆန်တစ်အိတ်ဈေးဟာလည်း တစ်အိတ် ကို တစ်သောင်းကျပ်ခန့်ဈေးကွာသွား ခဲ့ကာအောက်ဘက်မှပေါ်ဆန်းအထက် အညာဘက်ဆန်တက်ကာ ထိုမှတစ်ဖန် အခြားနယ်မြို့များကို နာမည်ကြီး၊ ဈေး ကြီးတဲ့ ပေါ်ဆန်းအဖြစ် ပြန်သွားမှု အချို့လည်းရှိခဲ့ကြောင်း ကြားသိရပါ တယ်။ဝါးတန်းဒိုင်ကို ဆန်အဝင်မှာ ပုံမှန် လေးပဲ ဝင်နေပြီး၊ ပုံမှန်လေးပဲ ရောင်း ဝယ်နေကြကြောင်း၊ လကုန်ခါနီးမို့ အရောင်းအဝယ်ပါးသလို တရုတ်လိုင်း လည်းလက်ရှိ အတင်လျှော့လာလို့ စပါး ထွက်ရာ အောက်ဘက်မှာပါ ဈေးအေး သွားကြောင်း သိရပါတယ်။ ယနေ့ ရန်ကုန် ဈေးကွက်အတွင်း ဧည့်မထ ၂၅ မှတ် (ပြည်ပ) ဆန်တစ်အိတ် ၁၁၀ ဒသမ ၂၅ ပေါင်ကို ၁၄၂၀၀ ကျပ်- ၁၄၃၀၀ ကျပ်ခန့် ဈေးနှုန်းဖြစ်ပေါ်နေ ပြီး၊ ယခင်အပတ်ထက် တစ်အိတ်ကို ၂၀၀ ကျပ်မှ ၃၀၀ ကျပ်ခန့် ဈေးတက် လာကြောင်း၊ တရုတ်- မူဆယ်လိုင်းကို ယခုအတင် လျော့လာသော်လည်း ရန်ကုန် FOB အတင်သမား (၃) ပေါက်ခန့်မှ အဝယ်ရှိနေပြီး၊ ပြည်တွင်း Export ဆန်ဈေး အနည်းငယ် တက်ရ တာ ဖြစ်ကြောင်း၊ ဧည့်မထ ၂၅ မှတ် (FOB) ရန်ကုန်ဈေး 317-318 USD/ MTခန့်သာ ဈေးရနေပြီး၊ ယခင် နှစ်ကဲ့သို့ တန်ချိန်များများကြို မရောင်း ရဲကြကြောင်း၊ လက်ရှိ ပြည်တွင်း ဆန် ပေါက်ဈေးအရဆိုရင် ဧည့်မထ၂၅မှတ် FOB(ရန်ကုန်) ဈေး 335 USD/ MT ခန့်ရမှ ကိုက်မှာဖြစ်ကြောင်းလည်း အချို့Exporter များထံမှ ကြားသိရပါ တယ်။ တရုတ်လိုင်း- မူဆယ်မှာ ဧည့် မထ ၂၅ မှတ်ဆန်တစ်အိတ်(၅၀ ကီလို) ကို ၁၁၇ယွမ် - ၁၁၉ ယွမ်၊ ငစိန် ၂၅ မှတ် ဆန်တစ်အိတ် (၅၀ ကီလို) ၁၁၇ ယွမ် - ၁၁၉ ယွမ်ဖြစ်ခဲ့ပြီး၊ ယခင်အပတ် အတိုင်း ဈေးငြိမ်ပါကြောင်း ယနေ့ မူဆယ်ရှိ ငွေလဲနှုန်းမှာ တစ်ယွမ်ကို ၁၆၂ ဒသမ ၂၀ ကျပ်ဖြစ်ခဲ့ပြီး ယခင် အပတ်ထက်သုည ဒသမ ၂၀ ကျပ်သာ ကွာခြားမှုရှိပြီး၊ ရန်ကုန်မှ မူဆယ်ကို ဆန်၊ ဆန်ကွဲတင်ဆောင်ခ မှာ တစ်တန် ကို ၈၈၀၀၀ ကျပ် - ၉၀၀၀၀ ကျပ်ခန့်ရှိ ပြီး၊ကားတင်ရမဲ့သိုလှောင်ရုံနီး၊ ဝေးပေါ် မူတည်ပြီး၊ဈေးအနည်းငယ်တော့ ကွာပါ ကြောင်း၊ပြည်တွင်းဆန်ထွက်ရှိရာဒေသ များမှမူဆယ်ကို ဆန်အဝင်မှာ ယခု အပတ်အတွင်း ၂၁၆၆၆ တန်ခန့်ရှိခဲ့ပြီး၊ ယခင်အပတ်ထက် တန် ၂၀၀ ခန့်သာ အဝင်လျော့ခဲ့ကြောင်း၊ နှစ်ကူး ပိတ်ရက် နီးကပ်လာလို့ တရုတ်-မူဆယ်လိုင်းကို ဆန်အတင် လျော့သွားပြီလို့ပြောသော် လည်း ယခင်ပတ် တင်ထားခဲ့တဲ့ ON THE WAY ဆန်များ မူဆယ်ကို ဆက် ရောက် နေ သဖြင့် ယခုတစ်ပတ်လည်း ယခင်အပတ်တိုင်းခန့်သာဆန်ဆက်လက် ဝင်ရောက်ရတာ ဖြစ်ပြီး၊ တရုတ်နှစ်ကူး ပိတ်ရက်များနီးလာလို့ ပြည်မဘက်ကို တရုတ်ကုန်သည်များ တဖြည်းဖြည်းပြန် နေကြပြီဖြစ်လို့ အရောင်းအဝယ်လည်း အနည်းငယ်အေးလာနေကြောင်း၊ နှစ် ကူးပိတ်ရက်ကာလမှာ အရောင်းအဝယ် များ အတော်လေးပါးနိုင်သော်လည်း နှစ်ကူးပိတ်ရက်နောက်ပိုင်း ပြန်ကောင်း နိုင်တယ်လို့ သိရပါတယ်။ မြန်မာ့ဆန်နဲ့ ဆန်ကွဲကို တရုတ်ဘက်မှာ မုန့်လုပ်ငန်း၊ အရက်ချက်လုပ်ငန်းနဲ့ အချို့ဆန်များကို ပြန်လည် ပြုပြင် ထုပ်ပိုးပြီး၊ ပြည်မကြီး ထဲထိ ပို့ဆောင်ရောင်းဝယ်ကြကြောင်း၊ မြန်မာ့ဆန်နဲ့ အပြိုင် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားစတဲ့ နိုင်ငံများမှတင်သွင်း တဲ့ ဆန်များရှိနေသော်လည်း မြန်မာ့ ဆန်ရဲ့ အရည်အသွေးနဲ့ ဈေးနှုန်းကို တရုတ်ဘက်မှ ပိုမိုကြိုက်နှစ်သက်မှု ရှိနေလို့လည်း မြန်မာ့ဆန်ဈေးကွက် ဆက်လက် ချီတက်နေဦးမှာ ဖြစ်ပါ ကြောင်း ဆန်ဈေးကွက်မှ စုံစမ်းတင်ပြ လိုက်ရပါတယ်။ သန်းအေး - ဆန်စပါး
