Main menu

Background

အဝင်သွက်လို့ ရန်ကုန်ဝယ်လက် မဆွဲတဲ့ မုံရွာ ပဲစင်းငုံသစ်ဈေးကွက်

Mon, 01/27/2014 - 06:01 -- ydnar

မုံရွာ ကုန်စည်ဒိုင်ကို နယ်စုံပဲစင်းငုံ သစ်များ ဇန်နဝါရီ တတိယပတ်အတွင်း နေ့စဉ် အိတ်ရေ ၂၅၀၀ မှ ၃၀၀၀ ကြား ပုံမှန် ဝင်နေပြီဖြစ်ပြီး၊ လက်ရှိ ပေါက် ဈေးမှာ ပဲစင်းငုံနီအသစ် တစ်တင်း ၁၈၄၀၀ ကျပ်၊ အဟောင်း တစ်တင်း ၁၇၁၀၀ ကျပ်ရှိနေပါတယ်။ လက်ရှိ ဈေးမှာ ရန်ကုန်ဝယ်လက် မကြိုက် သေး တဲ့ ဈေးဖြစ်နေလို့ ဝယ်ယူမှုမရှိဘဲ၊ အဝယ်တန့် နေပါတယ်။ ဈေးကွက် အတွင်း ဝင်ရောက်လာတဲ့ ပဲစင်းငုံများ ကို လှောင်လက်နဲ့ ဝယ်ရောင်းသမား များသာ အဝယ်သွက်နေပြီး၊ ရန်ကုန် ဝယ်လက်ကတော့ ဝယ်ယူမှု ရပ်ဆိုင်း နေကြောင်း သိရပါတယ်။အောင်မင်း - မုံရွာ