Main menu

Background

စင်ကာပူ ပုဂ္ဂလိကပညာရေးကောင်စီမှ ထုတ်ပြန်လျက်ရှိသော Edu Trust လက်မှတ်ရကျောင်း ၂၉ ကျောင်းရှိပြီဖြစ်

Wed, 09/15/2010 - 05:25 -- Anonymous (not verified)

 စင်ကာပူ ပုဂ္ဂလိကပညာရေးကောင်စီမှ ထုတ်ပြန်လျက်ရှိသော Edu Trust လက်မှတ်ရကျောင်း ၂၉ ကျောင်းရှိပြီဖြစ်        စင်ကာပူနိုင်ငံ ပုဂ္ဂလိကပညာရေးကောင်စီမှ သြဂုတ်လ ၂၉ ရက်အထိ Edu Trust လက်မှတ်ရကျောင်းများကို ဆက်လက်ထုတ်ပြန်လျက်ရှိရာ လေး နှစ် လက်မှတ်ရကျောင်း ၁ဝ ကျောင်းနှင့် တစ်နှစ်လက်မှတ်ရကျောင်းပေါင်း ၁၉ ကျောင်း စုစုပေါင်း ၂၉ ကျောင်းရှိပြီဖြစ်ကြောင်း သိရသည်။       ''ကျောင်းတွေက ဆက်လက်ထုတ်ပြန်ဖို့ ရှိနေပါသေးတယ်။ Edu Trustလက်မှတ်ထုတ်ပေးတဲ့စနစ်က စနစ်ဟောင်း Case Trust လက်မှတ် ကုန်ဆုံးရာ ကနေ ဆက်လက် Edu Trust ကို ထုတ်ပေးတဲ့စနစ်ဖြစ်ပါတယ်။ အဲဒီမှာ စိတ်ဝင်စား ဖို့ကောင်းတဲ့ အချက်တစ်ခုက Case Trust လက်မှတ်သက်တမ်း ကုန်ဆုံးပြီး Edu Trust လက်မှတ် မရတော့ဘူးဆိုရင် ဒီကျောင်းက နိုင်ငံ တကာကျောင်းသားတွေကို လက်ခံလို့ မရတော့တဲ့သဘော ဖြစ်သွားပါတယ်။   ဒီလိုအပြောင်းအလဲ ကာလမှာ ကျောင်းသား၊ ကျောင်းသူတွေအတွက် ''A Concise Guide to Students Enrolling in the  Private Education  Institution in Singapore'' ဆိုတာကို တရားဝင်ထုတ်ပြန်ထားပြီး ကျောင်း သား၊ ကျောင်းသူတွေဖတ်ရှုဖို့အကြံပြု တိုက်တွန်း ပါတယ်။ အသေးစိတ်အချက် အလက်တွေကို www.cpe.gov.sg/  မှာ လေ့လာနိုင်ပါတယ်''ဟု Crown Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက ပြောကြား သည်။    အဆိုပါ Edu Trust လက်မှတ်ရ  ကျောင်းထဲမှ လေးနှစ်လက်မှတ်ရ ကျောင်း ၁ဝ ကျောင်းမှာ(1) AT-SUNRICE ACADEMY, (2) EAST ASIA INSTITUTE OF MANAGEMENT, (3) ERC INSTITUTE, (4) JAMES COOK AUSTRALIA INSTITUTE OF HIGHER LEARNING, (5) KLC SHCOOL OF EDUCATION, (6)PARKWAY COLLEGE  OF NURSING NAD ALLIED HEALTH, (7) PSB ACADEMY, (8) SINGAPORE INSTITUTE OF MANAGEMENT, (9) SINGAPORE  INSTITUTE OF MATERIALS MANAGEMENTနှင့် TMC ACADEMY တို့ဖြစ်ကြောင်း သိရသည်။            မင်းသန့်