Main menu

Background

အရောင်းအဝယ်အေးနေတဲ့ ပြည်ချင်းဈေးကွက်

Mon, 01/27/2014 - 07:24 -- ydnar

ယခုတစ်ပတ် ပြည်ချင်းဈေးကွက် ချင်းဈေးမှာ တစ်ပိဿာကို (ရှယ်) ၁၅၀၀ ကျပ်၊ (ဂျွန်) ၁၂၀၀ ကျပ်တို့နဲ့ အသီးသီး ရောင်းဝယ်လျက်ရှိပြီး၊ ယခင်နှစ်ကာလတူ အချိန်နဲ့ နှိုင်းယှဉ်ပါက ဈေးကောင်းရလျက်ရှိနေပါတယ်။ ယခုတစ်ပတ် တောင်ကြီး၊ အောင်ပန်းဘက်မှချင်းများ ပိဿာချိန် ၃၀ ဝင် အိတ် ၁၅၀ ခန့် ပုံမှန်အဝင်ရှိနေပါ တယ်။ ပြည်ချင်းပွဲရုံများမှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်ဘက်ကို စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၃၀၀ ခန့် အရောင်းအဝယ် ဖြစ်ပြီး၊ ယခင် ကာလများထက် အရောင်းအဝယ်ပါးကြောင်း သိရပါတယ်။ဝင်းဝင်းခိုင် - ပြည်