Main menu

Background

အတက်အကျများရှိနေခြင်းကြောင့် ရွှေဈေးကွက်အတွင်း အရောင်းအဝယ်အေးလာ

Mon, 01/27/2014 - 07:28 -- ydnar

ယခုတစ်ပတ်အတွင်းမြန်မာ့ရွှေ ဈေးသည် အတက်အကျများရှိနေခြင်း ကြောင့်ရွှေဈေးကွက်အတွင်း အရောင်း အဝယ်အေးလာပြီးဈေးကွက်ကို စောင့် ကြည့်လျက်ရှိနေကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေ ဈေးကို လိုက်ပြီး အတက်အကျများဖြင့် အပြောင်းအလဲများရှိတတ်သော်လည်း ယခုတစ်ပတ်တွင်မူ အတက်အကျများ နေ့စဉ်လိုလိုရှိနေသဖြင့် ရွှေဝယ်ရောင်း သမားများကဈေးကွက်ကို စောင့်ကြည့် နေကြခြင်းဖြစ်ကြောင်း ရွှေကုန်သည် ဦးစံမြင့်က ဆိုသည်။

"ရွှေဈေးကွက်ကနေ့စဉ် အတက် အကျတွေရှိနေတယ်။ ဒီနေ့ ဈေးလေး နည်းနည်းတက်လာလို့ စောင့်ကြည့်နေ တာ။ နောက်နေ့ကျတော့ ပြန်ကျသွား ပြန်ရော။ အဲ တက်လာနိုင်ခြေရှိ တယ်ဆိုပြီး အဲဒီဈေးနဲ့ဝယ်ထားလိုက် ပြန်တော့ နောက်နေ့ ဆက်ကျနေတာ ဆိုတော့ ရွှေသမားတွေ ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေကြတယ်။ ခုလည်း ဒီလိုပဲ။ ဒီနေ့ကျသွားတယ်၊ နောက်နေ့ဆက်ကျနေဦးမှာပဲဆိုပြီး ပြန် ထုတ်ပြန်တော့ နောက်နေ့လည်း ကျ ရော ဈေးကတက်သွားပြန်ရော။ အဲဒါနဲ့ ပဲ လုံးလည် ချာလည်လိုက်နေတာ။ခါ တိုင်းရက်တွေမှာလည်း ဖြစ်တယ်ဆို ပေမယ့် ဒီတစ်ပတ်လောက်တော့ မဆိုး သေးပါဘူး။ ဒီတစ်ပတ်ကတော့ တော် တော်လေးကို ဆိုးတယ်။ ဝယ်ရောင်း သမားတွေ လက်တွန့်တဲ့ရက်လို့ ပြောရ မယ်။ တချို့ကတော့ ရွှေဈေးကွက်ကို စောင့်ကြည့်နေကြတဲ့သဘောမျိုးရှိနေ တယ်။ ဈေးတက်မှ ထုတ်ရောင်းကြ မယ့်သူတွေတော်တော်လေးများနေပြီ"ဟု ၎င်းင်းက လက်ရှိရွှေဈေးကွက်အနေ အထားနှင့်ပတ်သက်၍ ပြောကြားခဲ့ သည်။ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် ဇန်နဝါရီလ ၂၀ရက်နေ့က ကျပ် ၆၆၂၅၀၀ ရှိခဲ့ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကျပ် ၆၆၀၀၀၀ သို့ ကျ ဆင်းသွားခဲ့သည်။ နောက်နေ့တွင်ဆက် လက်ကျဆင်းခဲ့ရာ ကျပ် ၆၅၈၀၀၀ သို့ ထပ်မံကျဆင်းခဲ့သည်။ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကျပ် ၆၆၂၅၀၀ သို့ ပြန် လည်မြင့်တက်လာခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီလ ၂၀ရက်နေ့က ၁၂၅၅ ဒေါ်လာရှိခဲ့ပြီး ဇန်နဝါရီလ ၂၂ရက်နေ့တွင် ၁၂၄၁ ဒေါ်လာသို့ မြင့်တက် ခဲ့သည်။ ဇန်နဝါ ရီလ ၂၃ရက်နေ့တွင် ၁၂၃၄ဒေါ်လာ ရှိခဲ့ပြီး ဇန်နဝါရီလ ၂၄ရက်နေ့တွင် ၁၂၆၁ဒေါ်လာသို့ ပြန်လည်မြင့်တက် လာခဲ့သည်။             မယ်သီတာ