Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ငွေကြေးရက်သတ္တပတ်

Thu, 02/06/2014 - 04:23 -- ydnar

တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေးကွေး ကျဆင်းမှုနဲ့ အမေရိကန်ပြည်ထောင်စု ကငွေကြေးတွန်းအားပေးအစီအစဉ် လျှော့ချမှုတွေက ဒေသတွင်းငွေကြေး တွေပိုမိုရောင်းချလာအောင် ဖန်တီးလိမ့် မယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ထိုင်း ဘတ်ငွေနဲ့ မလေးရှားရင်းဂစ်တို့ကဦး ဆောင်ပြီးအာရှငွေကြေးတွေရက်သတ္တ ပတ်အလိုက် တန်ဖိုးကျဆင်းတော့မဲ့ အနေအထားကိုဦးတည်လာပါတယ်။

တရုတ်နိုင်ငံရဲ့ ကုန်ချောထုတ်လုပ် မှုကခြောက်လအတွင်း ပထမ အကြိမ် အဖြစ်ကျဆင်းခဲ့ပါတယ်။ ဇန်နဝါရီ လဆန်းပိုင်းက ဆောင်ရွက်ခဲ့တဲ့နည်းတူ ဖေဖော်ဝါရီလမှာလည်း ဘွန်းစာချုပ် တွေဝယ်တာကို ဒေါ်လာ ၁၀ ဘီလီယံ ဖိုး လျှော့ချပြီး ၆၅ ဘီလီယံဖိုးသာဝယ် မယ်လို့ အမေရိကန် ဗဟိုဘဏ်က ဇန်နဝါရီ ၂၉ ရက်မှာပြောခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့ရွေးကောက် ပွဲကြောင့် အကြမ်းဖက်တာတွေပိုများ လာမှာကိုစိုးရိမ်မှုကြောင့် ကမ္ဘာ့ရန်ပုံငွေ အဖွဲ့တွေက ငွေကြေးတွေကို ထိုင်းနိုင်ငံ မှ ပြန်ထုတ်သွားတဲ့အတွက်  ယခုရက် သတ္တပတ်မှာဘတ်ငွေတန်ဖိုးကအဆိုးဆုံး ကိုရောက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံနဲ့ အိန္ဒိယမှအပ အာရှ ဒေသမှာရှိတဲ့ ဘဏ္ဍာရေးဈေးကွက်အ များစုက တရုတ်နှစ်သစ်ကူးပွဲအားလပ် ရက်အဖြစ် ပိတ်ထားပါတယ်။ တရုတ် (တိုင်ပေ)နဲ့ တောင်ကိုရီးယားရှိဈေး ကွက်တွေက ဇန်နဝါရီ ၂၉ ရက်နေ့က တည်းက ပိတ်ထားပါတယ်။တရုတ်ယွမ် လေ့လာဆန်းစစ်သူတွေနဲ့ ကုန် သည်တွေအပါအဝင် ၁၂ ဦးကို စစ်တမ်း ကောက်ယူခဲ့ရာ ယွမ်ငွေကြေးတန်ဖိုးတိုး တက်မဲ့အလားအလာက စက်တင်ဘာ လလယ်နောက်ပိုင်းမှာ အနိမ့်ဆုံးကို ရောက်ရှိနေပါတယ်လို့ဆိုပါတယ်။ လူနာနှစ်သစ်ကူး ပွဲမတိုင်မီ ယွမ်ကို ဝယ်လိုအားကျဆင်းတဲ့အတွက်ဇန်နဝါရီ ၃၀ ရက်နေ့မှာ ယွမ် တန်ဖိုးက ယခုနှစ် အတွင်းအနိမ့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ ဇန်နဝါရီ ၃၁ ရက် မှာယွမ်ငွေကြေးတန် ဖိုးက တစ်ဒေါ်လာ ကို ၆ ဒသမ ၁၀၇၀၉ ယွမ်နှုန်းရှိခဲ့ပါတယ်။    အိန္ဒိယရူပီး ပို့ကုန်လုပ်ငန်းရှင်တွေက အမေရိ ကန်ဒေါ်လာကို တိုးတက်ရောင်းချလာ တဲ့အတွက် ဘဏ်အချင်းချင်းနိုင်ငံခြား ငွေဖလှယ်ရေးဈေးကွက်မှာ ဇန်နဝါရီ ၃၁ ရက်နေ့က ရူပီးတန်ဖိုးက သုည ဒသမ ၁၉ ရူပီးနှုန်းမြင့်တက်ပြီး တစ် ဒေါ်လာကို ၆၂ ဒသမ ၃၇ ရူပီးနှုန်းရှိခဲ့ ပါတယ်။ဈေးကွက်မှာအိန္ဒိယရှယ်ယာတွေ ဈေးနှုန်းမြင့်တက်နေတာကလည်းရူပီး တန်ဖိုးကိုအထောက်အကူဖြစ်စေခဲ့တယ် လို့ပြောပါတယ်။ဒါပေမဲ့ပင်လယ်ရပ်ခြား မှာတခြားငွေကြေးတွေနဲ့ဖလှယ်ရာမှာ တော့ဒေါ်လာတန်ဖိုးမြင့်တက်ခဲ့ပါတယ်။ ဂျပန်ယန်း အမေရိကန်ပြည်ထောင်စုရဲ့ စီးပွား ရေးကစတုတ္ထသုံးလပတ်မှာခိုင်မာလာ ခြင်းနဲ့အမေရိကန်ဗဟိုဘဏ်ကငွေကြေး လှုံ့ဆော်တွန်းအားပေးမှုကို လျှော့ချဖို့ ဆုံးဖြတ်ထားခြင်းတို့ကြောင့်ဒေါ်လာတန် ဖိုးကယူရိုအပါအဝင်တခြားငွေကြေးတွေနဲ့ ဖလှယ်ရာမှာ မြင့်တက်ခဲ့ပါတယ်။ ယူရို/ဒေါ်လာဖလှယ်နှုန်းက ဇန် နဝါရီ ၂၉ ရက်မှာ တစ်ယူရိုကို ၁ ဒသမ ၃၆၆၂ ဒေါ်လာနှုန်းရှိရာမှ ဇန် နဝါရီ ၃၀ ရက်ဂရင်းနစ်စံတော်ချိန် ၂၂ နာရီမှာ တစ်ယူရိုကို ၁ ဒသမ ၃၅၅၄ ဒေါ်လာနှုန်းထိရောက်ရှိကာ ဒေါ်လာ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။မလေးရှားရင်းဂစ် ရက်ရှည်အားလပ်ရက်တွေမတိုင် မီ ရင်းနှီးမြှုပ်နံှသူတွေရဲ့ ဝယ်ယူမှုလျော့ ကျလာတဲ့အတွက် ရင်းဂစ်ကိုဝယ်လို အားကျဆင်းခဲ့ပါတယ်။ ဒါကြောင့်ဇန်န ဝါရီ ၃၀ ရက်ဈေးကွက်အတွင်း ဒေါ် လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးကျ ဆင်းခဲ့တယ်လို့ ဝယ်ရောင်းသမားတွေ ကပြောပါတယ်။ ရင်းဂစ်တန်ဖိုးက ဇန်နဝါရီ ၂၈ ရက်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၃၃၅၀ ရင်းဂစ်နှုန်းရှိရာမှ ဇန်နဝါရီ ၃၀ ရက်ညနေ ၅ နာရီမှာ တစ်ဒေါ်လာကို ၃ ဒသမ ၃၄၅၀ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်က ငွေဖြစ်လွယ်မှုအစီအစဉ်အရ ဘွန်းစာ ချုပ်ဝယ်ယူတာကို လျှော့ချမယ်လို့ပြော ကြားပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံသူတွေ က ဒေါ်လာဘက်ကို ဦးလှည့်သွားတယ်လို့ဝယ်ရောင်းသမားတွေကပြောပါတယ်။တောင်ကိုရီးယားဝမ် အမေရိကန်ပြည်ထောင်စုက ဘွန်းစာချုပ်တွေကို ယခင်က ဒေါ်လာ ၇၅ ဘီလီယံဖိုးဝယ်ယူနေရာမှ ဒုတိယ အကြိမ်အဖြစ် ဒေါ်လာ ၁၀ ဘီလီယံ ထပ်မံံတန်ဖိုးလျှော့ချပြီး ဝယ်ယူဖို့စီစဉ် ထားတဲ့အတွက် အာရှငွေကြေးတွေနဲ့ အတူ တောင်ကိုရီးယားဝမ်ဈေးနှုန်း ကျ ဆင်းခဲ့ပါတယ်။တောင်ကိုရီးယားရှိ ဈေး ကွက်တွေကနှစ်သစ်ကူးပွဲအဖြစ်ပိတ်ထား ပါတယ်။ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ဝမ် ငွေ ကြေးတန်ဖိုးက ၁ ဒသမ ၉ ရာ ခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ထိုင်းဘတ် အမေရိကန်ဗဟိုဘဏ်က ငွေကြေး     တွန်းအားပေးအစီအစဉ်ကိုလျှော့ချလိုက် တဲ့အတွက် ရင်းနှီးမြှုပ်နှံသူများက ငွေ ကြေးတွေကို စတော့ ဈေးကွက်တွေ ကနေ စွန့်စားမှုနည်းတဲ့အက်ဆက်တွေ ဘက်သို့ ကူးပြောင်းသွားပါတယ်။ ဇန်န ဝါရီ ၁ ရက် မှ ၂၄ ရက်အတွင်း ဘတ် ၁၀ ဘီလီ ယံ တန်ဖိုး ရှိ ငွေအရင်းအနှီး တွေက ဘွန်းဈေးကွက်တွေရဲ့ ပြင်ပကို စီးထွက်သွားပါတယ်။ ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာက အရေး ပေါ်အခြေအနေကိုကြေညာပြီး ဘန် ကောက်တစ်မြို့တည်းမှာပင် ရဲတပ် ဖွဲ့ဝင် ၁၀၀၀၀ ချထားခဲ့ပါတယ်။ ထိုင်းဘတ်တန်ဖိုးက ဇန်နဝါရီ ၃၀ ရက် ပိတ်ချိန်မှာ တစ်ဒေါ်လာကို ၃၂ ဒသမ ၉၆ ဘတ်နှုန်းရှိခဲ့ပါတယ်။