တိုကျို ဂျပန်နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်း က ၂၀၁၂ ခုနှစ်က ၄ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်မှာ ၄ ရာခိုင်နှုန်း အထိကျဆင်းခဲ့တဲ့ အတွက် ဂျပန်နိုင်ငံရဲ့အလုပ်အကိုင် အခြေအနေက တတိယနှစ်အဖြစ် ဆက်တိုက်တိုးတက် ကောင်းမွန်လာ ကြောင်းဂျပန်ပြည်ထဲရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၃ ရက်ကသိရပါတယ်။
ဆိုးလ် အမေရိကန် ပြည်ထောင်စု လွတ်လပ်တဲ့ဈေးကွက်ကော်မတီက ဘွန်းစာချုပ်တွေကို ဒေါ်လာ ၁၀ ဘီလီယံဖိုးလျှော့ပြီးဝယ်ယူတဲ့အတွက် တောင်ကိုရီးယားမှာစိန်ခေါ်မှု အသစ် တွေထပ်မံပေါ်ပေါက်စေမှာမဟုတ်ဘူး လို့ တောင်ကိုရီးယား ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ဇန်န ဝါရီလ ၃၀ ရက်နေ့က ပြောပါတယ်။ဘန်ကောက် နိုင်ငံရေး မတည်ငြိမ်မှုတွေ ဘန်ကောက်နဲ့ ဘန်ကောက် ဆင်ခြေ ဖုံးဒေသတွေမှာရှိတဲ့ အိမ်ခြံမြေဈေး တွေကအဆိုးဆုံးဖြစ်နိုင်ခြေ က ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း အထိ တိုးတက်မှု ရှိနိုင်ကြောင်း ပရူကာ အိမ်ခြံမြေလုပ်ငန်းဥက္ကဌနဲ့အမှုဆောင် အရာရှိချုပ်သောင် မာဗီဂျစ်ပွန်ပန်း က ပြောပါတယ်။နယူးဒေလီ အမေရိကန် ဗဟိုဘဏ်က ထိတ်လန့်တကြားဖြစ်စေမဲ့ ခလုတ်ကို နှိပ်ပြီး လာမဲ့လတွေမှာ ဘွန်းစာချုပ် တွေဝယ်တာကိုဆက်လက်လျှော့ချမဲ့ အရိပ်အယောင်တွေပြသနေပေမဲ့ အိန္ဒိယနိုင်ငံကအခြားသောထွန်းသစ် စနိုင်ငံများနည်းတူ ဘဏ္ဍာရေး မုန် တိုင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်မှာဖြစ် ကြောင်း လေ့လာ ဆန်းစစ်သူတို့က ပြောပါတယ်။ဟနွိုင်း ဗီယက်နမ်က သစ်သီးမျိုးစုံ ကြွယ်ဝတဲ့နိုင်ငံဖြစ်ပေမဲ့ ဒီကဏ္ဍရဲ့ ယှဉ်ပြိုင်နိုင်မှု စွမ်းရည်နဲ့ ပြည်ပ တင်ပို့မှုနိမ့်ကျနေတဲ့အတွက် သစ်သီး စိုက်ပျိုးရာ ဒေသတွေမှာ ရင်းနှီး မြှုပ်နှံခြင်း၊ ဆင့်တက်ပြုပြင်မှုနဲ့ ကြာ ရှည်ခံ ထိန်းသိမ်းမှု လုပ်ငန်းတွေကို အပြည်ပြည်ဆိုင်ရာ စံနှုန်းမီအောင် ဆောင်ရွက်ခြင်းစတဲ့ဆောင်ရွက်မှုတို့ဖြင့် ကြိုးပမ်းဆောင် ရွက်နေရကြောင်း ဗီယက်နမ်သတင်းအေဂျင်စီမှာ ဖော် ပြထားပါတယ်။