Main menu

Background

ရွှေတင်သွင်းမှုထိန်းချုပ်ထားတာကို အိန္ဒိယအစိုးရက မတ်လကုန်မှာ ပြန်လည်သုံးသပ်မည်

Thu, 02/06/2014 - 04:27 -- ydnar

ရွှေတင်သွင်းမှုတင်းကျပ်ထားတာ ကို မတ်လကုန်မှာ အိန္ဒိယကနေ ပြန် လည်သုံးသပ်မယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဌာနက ဇန်နဝါရီ ၂၇ ရက်ကပြောတာ ကိုရိုက်တာဝက်ဘ်ဆိုက်သတင်းမှာ ဖော် ပြထားပါတယ်။ ယခင်နှစ်အထိ အိန္ဒိယနိုင်ငံက ကမ္ဘာမှာရွှေတုံးဝယ်ယူမှုနိုင်ငံတစ်ခုဖြစ် ခဲ့ပါတယ်။

ဒီနှစ်ထဲမှာ နိုင်ငံခြားငွေပေး ငွေယူရှင်းတမ်းလိုငွေပြတာမြင့်တက်လာ တဲ့အတွက် ရွှေတင်သွင်းခွန်ကို အစိုးရ က ၁၀ ရာခိုင်နှုန်းအထိစံချိန်တင်သတ် မှတ်ခဲ့တဲ့အပြင် အိန္ဒိယဗဟိုဘဏ်က ရွှေ တင်သွင်းမှုနဲ့ တင်ပို့မှုကိုကိုင်တွယ်ခဲ့တယ်။ လက်ရှိဘဏ္ဍာနှစ်နိုင်ငံခြားငွေပေး ငွေယူရှင်းတမ်းထူးထူးခြားခြားကျဆင်းမဲ့ အခြေအနေကိုတွေ့ရတဲ့အတွက် အစိုး ရကိုဦးဆောင်နေတဲ့ကွန်ဂရက်ပါတီရဲ့ ခေါင်းဆောင်က ဒီကိစ္စကိုပြန်လည် သုံးသပ်ဖို့နှိုးဆော်ထားတဲ့အတွက်ပြောင်း လဲမှုဖြစ်လာမဲ့အခြေအနေရှိနေပါတယ်။ မူဝါဒလျှော့ချမှုတွေဖြစ်လာရင် သွင်းကုန်တွေပိုမိုလာနိုင်တဲ့အတွက် မှောင်ခိုလုပ်ငန်းကျဆင်းသွားနိုင်ပါတယ်။ ရွှေတင်သွင်းမှုထိန်းချုပ်ထားတာကို မတ် လအကုန်မှာဆောင်ရွက်ဖြစ်လိမ့် မယ်လို့အခွန်အကောက်ဌာနမှ အတွင်း ဝန် ဆူမစ်ဘို့စ်က ဇန်နဝါရီ ၂၇ ရက်က ပြောပါတယ်။ဒီဆောင်ရွက်မှုက အိန္ဒိယ နိုင်ငံရဲ့ ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်နဲ့ ဘတ်ဂျက်စာရင်းတွေပြုစုချိန်နဲ့ တိုက် ဆိုင်နေတဲ့ ကာလဖြစ်ပါတယ်။ ယခုနှစ်ကုန်မှာ ရွှေတင်သွင်းမှု ထိန်းချုပ်ထားတာတွေကို ပြန်လည်သုံး သပ်မယ်လို့ ဘဏ္ဍာရေးဝန်ကြီး ပီချီဒမ် ဘရမ်က ဇန်နဝါရီ ၂၇ ရက်ကပြောပါ တယ်။ ဒါပေမဲ့နှစ်ကုန်ဆိုတာ ဘဏ္ဍာ ရေးနှစ်လား၊ ပြက္ခဒိန်နှစ်လားဆိုတာ ကွဲ ကွဲပြားပြားပြောကြားခြင်းမရှိခဲ့ပါဘူး။ အိန္ဒိယအစိုးရက စည်းကမ်းဥပဒေ တွေလျှော့ချပေးတာကို ပြည်ပငွေပေး ငွေယူရှင်းတမ်းလိုငွေပြတာနဲ့ ဆက်စပ် ဆောင်ရွက်လေ့ရှိပါတယ်။ ဒါပေမဲ့ ရွှေ လုပ်ငန်းဘက်မှ တိုင်တမ်းတင်ပြချက် တွေကို စဉ်းစားဖို့ ကွန်ဂရက်ပါတီခေါင်း ဆောင်ဆိုနီယာဂန္ဒီက တိုက်တွန်းပြော ကြားခဲ့ပါတယ်။ သွင်းကုန်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်း ကိုပို့ကုန်အဖြစ်ဆောင်ရွက်ရမယ်လို့အိန္ဒိ ယဗဟိုဘဏ်က သတ်မှတ်ထားပြီး မတ် လမကုန်မီအထိ သူ့ရဲ့စည်းကမ်းသတ် မှတ်ချက်တွေကို ပြန်လည်သုံးသပ်ဦးမှာ မဟုတ်ဘူးလို့ ရွှေတင်သွင်းမှုကိုကြီးကြပ် ဆောင်ရွက်နေတဲ့ မူဝါဒရေးဆွဲသူတစ် ဦးက ပြောပါတယ်။