Main menu

Background

နိုင်ငံရေး အငြင်းပွားမှုကြောင့် အက်စ်အမ်အီး ပို့ကုန်လုပ်ငန်းရှင်များ ထိခိုက်

Thu, 02/06/2014 - 04:29 -- ydnar

ထိုင်းနိုင်ငံအတွင်း နိုင်ငံရေးမတည် မငြိမ်ဖြစ်မှုက ပို့ကုန်ကဏ္ဍမှာဆောင် ရွက်နေကြတဲ့ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းရှင် (အက်စ်အမ်အီး) ၃၀ ရာခိုင်နှုန်းရဲ့ ပို့ကုန်အခွင့်အလမ်း တွေဆုံးရှုံးခဲ့ရတဲ့အပြင် စောစီးစွာမဖြေ ရှင်းနိုင်ပါက ပျက်စီးဆုံးရှုံးမှုတွေပိုမိုဖြစ်ပွားနိုင်ကြောင်း ထိုင်းကုန်သည်ကြီးများ အသင်းတက္ကသိုလ်  (UTCC)  ကပြုလုပ်တဲ့လေ့လာချက်မှာတွေ့ရတယ်လို့ သည် နေရှင်းသတင်းဝက်ဘ်ဆိုက်မှ သိရပါတယ်။

UTCC ရဲ့အပြည်ပြည်ဆိုင်ရာကုန် သွယ်မှုလေ့လာရေးစင်တာ ( Centre For International Trade Studiesရဲ့လေ့လာမှုအရ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ထိုင်းအက်စ်အမ်အီးရဲ့ ၂၉ ဒသမ ၉ ရာခိုင်နှုန်းကို ထိခိုက်မှု ရှိစေခဲ့တာကိုတွေ့ရပါတယ်။ ထိုင်းနိုင်ငံရဲ့ ပို့ကုန် စွမ်းဆောင်ရည်အပေါ် စိုးရိမ်မှု တွေကြောင့် သူတို့ရဲ့ပို့ကုန်အမှာစာတွေ တခြားနိုင်ငံကိုပြောင်းသွားတယ် ဆိုတဲ့ ပို့ကုန်လုပ်ငန်းရှင်က ၉၄ ဒသမ ၈၃ ရာ ခိုင်နှုန်းရှိပြီး ပို့ကုန်လုပ်ငန်း အထောက် အထားတွေအတွက် အခက်အခဲရှိသူက ၅ ဒသမ ၁၇ ရာခိုင်နှုန်း ရှိပါတယ်။ "ကာလကြာရှည်တဲ့ နိုင်ငံရေး ပဋိပက္ခကထိုင်းနိုင်ငံရဲ့ ကုန်သွယ်ရေး ယှဉ်ပြိုင်နိုင်မှုစွမ်းဆောင်ရည်ကိုကျဆင်း စေနိုင်ပါတယ်။ ထိုင်းနိုင်ငံအက်စ်အမ် အီးတွေရဲ့ ယှဉ်ပြိုင်မှုစွမ်းရည်က အာဆီယံနိုင်ငံတွေထဲမှာ တတိယနေရာ ကနေ ပဉ္စမနေရာကိုရောက်ရှိပြီး စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား တို့ရဲ့နောက်ကိုရောက်သွားပါတယ်''လို့အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု လေ့လာ ရေးအဖွဲ့ရဲ့ဒါရိုက်တာ အတ်ပီစန်ဂါနစ်က ပြောပါတယ်။ ထိုင်းစီးပွားရေးလုပ်ငန်းတွေရဲ့ ၉၈ ရာခိုင်နှုန်းပါတဲ့အက်စ်အမ်အီးတွေ ကြုံ တွေ့နေရတဲ့အခက်အခဲတွေကြောင့် ထိုင်းနိုင်ငံရဲ့ယခုနှစ် ပို့ကုန်တိုးတက်မှု နှုန်းကမူလခန့်မှန်းထားတဲ့ ၃ ဒသမ ၈ အောက်ကိုကျဆင်းနိုင်ပါတယ်။ နိုင်ငံ ရေးမတည်ငြိမ်မှုတွေမဖြစ်ခဲ့ရင် တိုးတက်နှုန်းက ၅ ရာခိုင်နှုန်းထိရှိနိုင်တယ် လို့ သူကပြောပါတယ်။ အက်စ်အမ်အီး တွေထဲမှာ အထိအနာဆုံးက အစားအစာနဲ့ အထည်ချုပ်လုပ်ငန်းတွေဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ အက်စ်အမ်အီး ဦးရေ ၂ ဒသမ ၇ သန်းထဲက ၈၁ ဒသမ ၉၉ ရာခိုင်နှုန်း သို့မဟုတ် ၁ ဒသမ ၃၈ သန်းကအာဆီယံစီးပွားရေး အသိုင်းအဝန်း လာမဲ့နှစ်အကုန်မှာဖြစ်ပေါ်လာတဲ့အခါ ဘာတွေဖြစ်ပေါ်လာ မယ်ဆိုတာကိုနားမလည်သေးဘူး၊ ဈေးကွက်ဖြေလျော့မှုအတွက် ပြင်ဆင်မ ထားသေးဘူးဆိုတာကို လေ့လာချက်မှာတွေ့ရပါတယ်။၁၂ ဒသမ ၀၂ ရာခိုင်နှုန်း သို့မဟုတ် အက်စ်အမ်အီးဦးရေ ၃၀၃၁၄၅ ခုကသာ အေအီးစီရဲ့ ရည်ရွယ်ချက် တွေကို သိရှိနားလည်ပြီး ဒီလွတ်လပ်တဲ့ဈေးကွက်ကနေရမဲ့ အကျိုးစီးပွားတွေ အတွက် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။