Main menu

Background

ပုသိမ်မှာ ကုန်စည်တင်လိုအား လျော့နည်းချိန်၊ ကုန်ရှား၊ ကားပေါ တွက်ခြေကိုက်မှုနည်းပါး

Thu, 02/06/2014 - 04:34 -- ydnar

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကုန်စည်ပို့ဆောင်ရေးကဏ္ဍမှာ ကုန်း လမ်းမှ ကုန်ကားများနဲ့သာ ပုသိမ် ဓာတ်မြေသြဇာစက်ရုံမှ ဓာတ်မြေသြဇာ ဆန်၊ ဆန်ထွက်၊ ငါးပိ၊ ငါးခြောက်၊ ကြက်စာ၊ ပဲပေါ်ချိန်ပဲစသည် တို့ကိုသာ အဓိကထားတင်ပို့လျက်ရှိပါတယ်။ ယခု ရက်ပိုင်းအတွင်း တရုတ်နှစ်ကူးပွဲတော် ရှိတဲ့ အတွက် ဘုရင့်နောင်ပွဲရုံအများစု ပိတ်ပြီး၊ တင်ပိုအားလျော့နည်းသွား ကြောင်း၊ကုန်စည်ပို့ဆောင်ခ၊တန်ဆာခ အနိမ့်အမြင့်မှာ ကုန်ပေါရင် ကုန်သည် စက်ပိုင်းများမှ အပြိုင်အဆိုင်ခေါ်ယူမှု ကြောင့် တန်ဆာခဈေးနှုန်းမြင့်တက်ပြီး၊ ကုန်ရှားရင် ကားဂိတ်၊ ကားအုံနာများမှ ကုန်သည်စက်ပိုင်များကို ပြန်လည်ချိတ် ဆက်ရတာကြောင့် တန်ဆာခ ဈေးနှုန်း များ ကျဆင်းမှုရှိကြောင်းသိရပါတယ်။

ယခင်ပုသိမ်-ရန်ကုန် ဆန်တင် ပို့ရာမှာ အိတ်ရေ ၃၅၀-၄၀၀ တင် ဆောင်ရချိန် အသွားအပြန်တစ်ခေါက် တန်ဆာခအကျိုးအမြတ်အသားတင် တစ်သိန်းခွဲ နှစ်သိန်းခန့်ရရှိသော်လည်း ယခုအခါဆန်အိတ်ရေ၁၈၀-၂၀၀အတွင်း သာ တင်ဆောင်ရတာကြောင့် တင်လို အား တစ်ဝက်ခန့်လျော့နည်း သွားပြီး၊ အသွား ဆန်တန်ဆာတစ်အိတ် ၆၀၀ ကျပ်၊ အိတ်ရေ ၂၀၀ တန်ဆာခ တစ် သိန်းနှစ်သောင်း၊ အပြန်ရန်ကုန် တန် ဆာခ နှစ်သိန်းနှစ်သောင်းခန့် စုစုပေါင်း သုံးသိန်းလေးသောင်းခန့်ရရှိသော်လည်း ဒရိုင်ဘာကြေး၊ လမ်းကြေး၊ ဆီဖိုး၊ ပုသိမ် အဝေးပြေးစခန်းမှ မြို့တွင်းကို ခေါက်တို ကားခ စုစုပေါင်း နှစ်သိန်းကျော်နုတ် ပါက အသွားအပြန်တစ်ခေါက် ခြောက် သောင်း၊ ခုနှစ်သောင်းကျပ်ခန့်သာ အကျိုးအမြတ်ရရှိကြောင်း၊ ယခင်ကလို အကျိုးအမြတ်မများသော်လည်း ကား အုံနာများမှာ ပုံမှန်ထွက်နေရရင် တွက် ခြေကိုက်ကြောင်း၊ ကုန်စည်တင်လိုအား လျော့နည်းသွားတဲ့အတွက် ကားပြင် ဆင်စရိတ်မှာယခင်ထက်လေးချိုးတစ်ချိုး ခန့်လျော့နည်းသွားကြောင်း၊ ပုသိမ်မြို့ မင်းကြီးလမ်းဦးဇော်ဝင်း ကားဂိတ်မှ သိရပါတယ်။ ပုသိမ်မြို့မှာ နာမည်ပေါက် ကုန် စည်ပို့ဆောင်ရေးဂိတ် ၅ဂိတ်ခန့် အခြား ဂိတ်အသေး လေးငါးခု ခန့်ရှိ ကြောင်း၊ ဂိတ်ကြီးများမှာ အခန်းငှားခ၊ ဖုန်းခ လုပ် သားခများ ကုန်ကျစရိတ်ရှိပြီး၊ အခြား ဂိတ်အသေးများနဲ့ လမ်းလျှောက်ပွဲစား များမှာ ကုန်ကျစရိတ်များမရှိကြောင်း၊ ကုန်စည်ပို့ဆောင်ရေးအသင်းဝင်ထားရင် တစ်ခေါက် ဂိတ်ကြေးခုနှစ်ထောင်ကျပ် ပေးရပြီး၊ အခြားဂိတ်အသေးများနဲ့ လမ်းလျှောက်ပွဲစားများ ဆက်သွယ်ရင် ဂိတ်ကြေးမပေးရကြောင်း၊ယခုအခါ ကုန်ကားများဈေးကျလာသဖြင့် ကုန် ကား ဝယ်ယူသူလုပ်ငန်းရှင်များ ပိုပြီး များပြားလာပြီး၊ ကားဂိတ်ကို အဝင်မပြ တော့ပဲ ကားအုံနာများနဲ့ ကုန်သည် စက်ပိုင်လုပ်ငန်းရှင်များ တိုက်ရိုက်ချိတ် ဆက်ပြီး၊ ပို့ဆောင်နေတာကြောင့် ကားဂိတ် ကြီးများမှာ အလုပ်သိပ်မဖြစ် တော့ကြောင်း၊ ပုသိမ်မြို့ ဗလီလမ်း၊ ဦးကျော်လွင် ကုန်စည်ပို့ ဆောင်ရေး ကားဂိတ်မှ သိရပါတယ်။မင်းမင်းဦး - ပုသိမ်