Main menu

Background

ထိုင်းဆန္ဒပြပွဲများမှာ ရော်ဘာတောင်သူများ ပါဝင်နေတဲ့အတွက် ရော်ဘာထုတ်လုပ်မှုကျဆင်းဖွယ်ရှိ

Thu, 02/06/2014 - 05:16 -- ydnar

ကမ္ဘာ့ရော်ဘာ အများဆုံး တင်ပို့သော ထိုင်းနိုင်ငံက အဓိက ရော်ဘာထုတ်လုပ်သောဒေသများမှ ရော်ဘာစိုက် တောင်သူများဟာ ထိုင်းအစိုးရအားဆန္ဒပြပွဲမှာ ပါဝင်နေတဲ့ အတွက် ရော်ဘာထုတ်လုပ်မှု ကျဆင်းနိုင် တယ်လို့Von Bundit Co က ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလရော်ဘာ အထွက်နှုန်းဟာ ၁၀ မှ ၂၀ ရာခိုင်နှုန်းခန့်ထိ ကျဆင်းနိုင်ပြီး ဖေဖော်ဝါရီလမှာတန်ချိန် ၃ သိန်းမှ ၃ သိန်းခွဲထိအထွက် လျော့နိုင်တယ်လို့ ထိုင်းနိုင်ငံရဲ့ ရော်ဘာပြည်ပသို့တင်ပို့သော ဒုတိယအကြီးဆုံးကုမ္ပဏီ Von Bundit ရဲ့ ဒုတိယဥက္ကဌဖြစ်သူ Bundit Kerdvongbundit    ကတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပြည် နယ် ၁၄ ခုမှ ရော်ဘာ ထွက်ရှိမှုဟာ တစ်နိုင်ငံလုံးထွက်ရှိမှုရဲ့ ၈၀ ရာခိုင်နှုန်းရှိပါတယ်။ ရော်ဘာ ထွက်ရှိ ထုတ်လုပ်မှု ကျဆင်းခြင်းဟာ အစိုးရ ဆန့်ကျင်ဆန္ဒပြမှုများကြောင့် အရှေ့တောင်အာရှရဲ့ ဒုတိယ အကြီးဆုံးရော်ဘာ ထုတ်လုပ်သော နိုင်ငံကို ခြိမ်းခြောက် လျက်ရှိနေပါတယ်။ ဗဟိုဘဏ်ကလည်း ၎င်းင်းရဲ့ငွေ တန်ဖိုး မြင့်တက်မှုကို ယခင် ၄ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းသို့ လျှော့ ချလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ရွေး ကောက် ပွဲကျင်းပမယ်လို့ ထိုင်းဝန်ကြီးချုပ် Yinglick Shinawatra ရဲ့ကြေငြာချက်က မကျေနပ်တဲ့အတွက် ဆန္ဒပြသူများပိုမို တိုး လာလျက်ရှိနေပါတယ်။ စက်ရုံအတော်များများဟာ ရော်ဘာကုန်ကြမ်း ဝယ်ယူ ရန်အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဆန္ဒပြမှု များကြောင့်ရော်ဘာထုတ်လုပ်မှုကျဆင်းနေတဲ့အပြင် ဖေဖော် ဝါရီလကုန်ပိုင်းဟာ ရော်ဘာရာသီကုန်ပြီ ဖြစ်လို့အထွက်နှုန်း လဲကျတော့မှာဖြစ်ပါတယ်။ ဆန္ဒပြသူများပိတ်ဆို့ဝိုင်းရံတားတဲ့ အစိုးရဌာနများထဲမှာ ပို့ကုန်ဆိုင်ရာသင်္ဘောတင်စာရွက်စာတန်းများ ထုတ်ပေးသော ဌာနများ ပါရှိနေပါက သင်္ဘောတင်ကိစ္စရပ်များ ရက်သတ္တ ပါတ်ခန့် နှောင့်နှေးစေနိုင်တယ်လို့Bundit  ကပြောပါတယ်။Website မှာ တင်ထားတဲ့ သတင်းအချက်အလက်အရ ဖူးကက်ဒေသအခြေစိုက်ကုမ္ပဏီ များဟာ နှစ်စဉ်ရော်ဘာတန် ၉၅၁၀၀၀ တန်ထုတ်လုပ်နိုင်တယ်လို့သိရပါတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့က Surat Thani  ရှိ ၇ ရက်ဈေးနေ့မှာ ကျင်းပမဲ့ ရော်ဘာလေလံပွဲကို ဖျက်သိမ်း လိုက်ရပါတယ်။ လေလံဈေးမှထွက်ပေါ်ချက်ကိုကိုးကားပြီး ရော်ဘာဈေးကိုသတ်မှတ်ကြရတာဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူးပွဲတော် အားလပ်ရက်ရှည်နဲ့ နွေဦး ပေါက်ရာသီအကြား ရော်ဘာဈေးတက်လာနိုင် ဖွယ်ရှိတယ် လို့ Bundit  က ပြောပါတယ်။ နွေဦးပေါက်ရာသီဟာ ရော်ဘာ အရွက်ကြွေကျချိန်ဖြစ်သလို Latex  အစေးခြစ် လုပ်မှုကိုလည်း ရက်နားထားချိန်ဖြစ်တဲ့အတွက်ဖြစ်ပါတယ်။ ဇန်နဝါရီလ ၃၁ရက်နေ့ဟာတရုတ်နှစ်သစ်ကူးနေ့ကျရောက် မှာ ဖြစ်ပါတယ်။ ယခုနှစ်ထိုင်းနိုင်ငံရဲ့ ရော်ဘာအထွက်နှုန်းဟာ ယခင် နှစ်များထက် ၃ မှ ၅ ရာခိုင်နှုန်းထိလျော့ကျဖွယ် ရှိပါတယ်။ အရှေ့မြောက်ဒေသမှထွက်ရှိမှုတိုးမြင့်သော်လည်း ဆန္ဒပြမှုများ ကြောင့် ထုတ်လုပ်နိုင်မှု လျော့ကျစေတာဖြစ်ပါတယ်။ စိုက် ဧကများ တိုးချဲ့စိုက်ပျိုးထားတာ ၄ နှစ်ကျော်ခဲ့ပြီဖြစ်လို့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ထိုင်းရော်ဘာအထွက်နှုန်းဟာ တန်ချိန် ၄ သန်းမှ ၄ ဒသမ ၃ သန်းအထိ အထွက်နှုန်း တိုးလာ နိုင်ကြောင်း စိုက်ပျိုးဆိုင်ရာစီးပွားရေးဌာနက ပြော ကြားနေပါတယ်။ CMK