Main menu

Background

ဇန်နဝါရီလအတွင်း ရေထွက်ကုန် တန်ချိန် ၄၅၀၀ ကျော် တရုတ်နယ်စပ်မှ တင်ပို့

Thu, 02/06/2014 - 05:21 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလအတွင်း ရေထွက်ကုန် ၄၅၂၇ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၀ ဒသမ ၉၀၁ သန်းဖိုးရှိပြီး ယခင်လက တင်ပို့မှုထက် တန် ၃၀၀ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ် ဇန်နဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၃၂၄ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၈၂၈ တန်ကျော်ကို မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ တင်ပို့နိုင်ခဲ့ပါတယ်။

တင်ပို့တဲ့အမယ်များကတော့ ကဏန်း ၂၆၈ တန် ကျော်၊ ငါးရှဉ့် ၈၇ တန်ကျော်၊ ရေခဲငါး ၁၆၄ တန်ခန့်၊ ငါးဆားနယ် ၅၄ တန်ခန့်၊ ငါးလေးခြောက် ၁၈၃ တန်ကျော်၊ ငါးခြောက် ၁၃ တန်ကျော်နဲ့ အခြားရေထွက် ကုန်မျိုးစုံ ၅၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ်မှာ ငါးရှဉ့်တင်ပို့မှု မရှိခဲ့ပါဘူး။ ယခုအပတ် ငါးရှဉ့်ဈေးမှာ မိမိဘက်ရောတစ်ဖက်နိုင်ငံဈေးပါ တက် လျက်ရှိပြီး ကဏန်းဈေးကတော့ မိမိဘက်ဈေး အနည်းငယ်ကျသော်လည်း တစ်ဖက် နိုင်ငံ ဈေးတက်နေကြောင်း သိရှိရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံဈေးများကို ယခင်အပတ်နဲ့ ယခုအပတ်ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ရပါတယ် -
 
မိမိဘက်(ကျပ်/တန်)                                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) အမျိူးအမည်    ယခု           ယခင်      ပြောင်းလဲမှု        %       ယခု     ယခင်    ပြောင်းလဲမှု       %ငါးရှဉ့်          ၄၆၂၄၈၀၀    ၄၄၃၇၀၀၀     ၁၈၇၈၀၀      ၄ .၀၆    ၅၂၉၀    ၅၅၁၇    ၂၂၇          ၄ .၂၉ကဏန်း       ၃၅၇၁၉၂၀    ၃၅၇၉၁၈၀          ၇၂၆၀    ၁ .၂၀    ၈၉၅၅    ၄၇၃၃    ၄၂၂၂        ၄၇ .၁၅ယဉ်ယဉ်အေး၊MIRT (DCCA)