Main menu

Background

ဘုရင့်နောင်ဈေးကွက်မှာ တရုတ်နှစ်ကူးပွဲတော်ကောင့် မတ်ပဲနှင့် ပဲစင်းငုံနီ အရောင်းအဝယ်လျော့

Thu, 02/06/2014 - 05:23 -- ydnar

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်တရုတ်နှစ်သစ်ကူးပွဲတော် ကြောင့် ဈေးကွက်မှာ ပဲမျိုးစုံအရောင်းအဝယ်ပြုလုပ်လိုသော ပဲကုန် သည်ကြီးများအလာကျဲသွားပေမယ့် ပဲအရောင်းအဝယ်တော့ ခပ်ပါး ပါးဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲ(လက်ကျန်ဟောင်း)တွေက ရောင်းသူကုန်သည်လက်ဝယ်မှာ ပစ္စည်းလက်ကျန်တန်ချိန် ၆ သောင်း ဝန်းကျင်ခန့်ကျန်ရှိနေပေမယ့် ဒီတစ်ပတ်မှာ တရုတ်နှစ်သစ်ကူးပွဲတော် ကြောင့် အရောင်းအဝယ်ထင်သလောက်မဖြစ်ခဲ့ကြောင်း၊ မတ်ပဲ (RC) အနေဖြင့် တစ်တန်ကို အနိမ့်ဆုံး ၆၀၀၅၀၀ ကျပ်မှ အမြင့်ဆုံး ၆၀၉၇၅၀ ကျပ်အတွင်း တန် ၂၀၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ တရုတ်နှစ်ကူးပြီးရင်တော့ မတ်ပဲကို အိန္ဒိယ အဆွဲပြန်လိုက်နိုင်ကြောင်း၊ မတ်ပဲ(သစ်)တွေအနေဖြင့် ပြည်နှင့်မုံရွာ ဘက်မှာ အနည်းငယ်ဝင်ရောက်လာပြီး မတ်လလောက်ဆိုရင် အဝင် ပိုများလာနိုင်ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ ပဲစင်းငုံနီ (RC)  ကို အိန္ဒိယဝယ်လက်တွေက ဒီတစ်ပတ်မှာ အဝယ်အနည်းငယ် ပြန်လိုက်လာလို့ တစ်တန်ကို ၅၉၀၀၀၀ ကျပ်ဈေးဖြင့် တန် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။