Main menu

Background

မန္တလေးဈေးကွက်မှာ ကုလားပဲအုပ်စုအရောင်းအဝယ်သွက်၊ ပဲတီစိမ်းနယ် အဝင်လျော့ ပဲလွန်းဖြူနှင့် ပဲယင်းအရောင်းအဝယ်အေး

Thu, 02/06/2014 - 05:25 -- ydnar

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်)နှစ်မျိုးလုံးကို ခွဲစက်များက ဝယ်အားသွက်နေကြောင်း သိရ ပါတယ်။ ရောင်းသူကုန်သည်တွေက ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်)ကို ထုတ်ရောင်းမှုတွေများလာခြင်းမှာ ဈေးကွက်ထဲ(အသစ်) ဝင်လာတဲ့ပဲတွေကို ပြန်လည်ဝယ်ယူချင်လို့ အခုလိုထုတ်ရောင်းမှုတွေ များလာတာလို့ဆိုပါတယ်။

အရောင်းအဝယ်အနေဖြင့် ကုလားပဲဖြူ လုံးကြီးတစ်ပိဿာ ၈၂၁ ကျပ်(တစ်တန်ကို ၅၀၂၇၇၂ ကျပ်)၊ ကုလား ပဲ(ထိုင်ဝမ်)တစ်ပိဿာ ၇၆၀ ကျပ်(တစ်တန်ကို ၄၆၅၄၁၆ ကျပ်)ဈေး ဖြင့်နှစ်မျိုးပေါင်းတစ်ရက်ကို အိတ် ၂၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ပဲတီစိမ်းအနေဖြင့် ဈေးကွက်သို့ဝင်ရောက်မှုလျော့လာသလို တရုတ်လိုင်းကလည်း အဝယ်ပြန်အေးလာကြောင်း သိရပါတယ်။ အ ရောင်းအဝယ်အနေဖြင့် ပဲတီစိမ်းကြီးတစ်ပိဿာ ၁၆၃၆ ကျပ် (တစ် တန်ကို ၁၀၀၁၈၇၀ ကျပ်)ဈေးဖြင့် တစ်ရက်ကိုအိတ် ၆၀၀ မှ ၁၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲလွန်းဖြူ(သစ်) နှင့် ပဲယင်း(သစ်)က မန္တလေးဈေးကွက်သို့ ဝင်ရောက်မှုပုံမှန်ရှိပေမယ့် တရုတ်နှစ်သစ်ကူးပွဲတော်ကြောင့် ဝယ်လက်တွေ ဝယ်အားပါးသွား တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေဖြင့် ပဲလွန်းဖြူ(သစ်) တစ်ပိဿာ ၉၆၃ ကျပ်(တစ်တန်ကို ၆၀၁၉၇၉ ကျပ်)၊ ပဲယင်း(သစ်) တစ်ပိဿာ ၁၀၁၀ ကျပ်(တစ်တန်ကို ၆၁၈၅၁၃ ကျပ်)ဈေးဖြင့် နှစ် မျိုးပေါင်းတစ်ရက်ကိုအိတ် ၅၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။