Main menu

Background

နိုဝင်ဘာတွင် လာစစ်မည့် ပိုလီကျောင်းအချို့၏ ကျောင်းဝင်ခွင့်စာမေးပွဲကျင်းပချိန် အပြောင်းအလဲရှိနိုင်

Wed, 09/15/2010 - 06:17 -- Anonymous (not verified)

 နိုဝင်ဘာတွင် လာစစ်မည့် ပိုလီကျောင်းအချို့၏ကျောင်းဝင်ခွင့်စာမေးပွဲကျင်းပချိန် အပြောင်းအလဲရှိနိုင်         နှစ်စဉ် နိုဝင်ဘာလအတွင်း လာ ရောက်စစ်ဆေးသော စင်ကာပူနိုင်ငံမှ ပိုလီကျောင်းအခိုျ့၏  ကျောင်းဝင်ခွင့် စာမေးပွဲကျင်းပမည့် အချိန် အပြောင်း အလဲရှိနိုင်ကြောင်း  စင်ကာပူပညာရေး ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။      ''၂ဝ၁၁ ဧပြီလ  ကျောင်းဝင်ခွင့် အတွက် ရီပက်ဘလစ်ပိုလီ၊ စင်ကာပူ ပိုလီ၊ တီမားဆက်ပိုလီနဲ့ နန်ယန်းပိုလီ ကျောင်းတွေက စက်တင်ဘာ၊  နိုဝင် ဘာနဲ့ ဒီဇင်ဘာလတွေမှာ ရန်ကုန်မြို့ မှာရှိတဲ့ ဟိုတယ်ကြီးတွေမှာ စာမေးပွဲ လာရောက်စစ်ဆေးလေ့ရှိပါတယ်။      ပုံမှန် နိုဝင်ဘာလဆန်းနဲ့ လလယ် မှာစစ်နေတာရှိတယ်။ ဒါပေမယ့် ဒီနှစ် က နည်းနည်း  နောက်ဆုတ်သွားနိုင် တယ်။ ဒီဇင်ဘာလ လောက်မှာ ဖြစ်မယ် မှန်းတယ်။ သက်ဆိုင်ရာကျောင်းတွေရဲ့ ဝက်ဘ်ဆိုက်တွေမှာတော့ ပုံမှန်အတိုင်း ပဲ တင်ထားပါတယ်''ဟု ယင်းက ပြော ကြားသည်။        ပုံမှန်အားဖြင့်  ရီပက်ဘလစ်ပိုလီ ကျောင်းသည် စက်တင်ဘာလ၌လည်း ကောင်း၊ စင်ကာပူပိုလီနှင့် တီမားဆက် ပိုလီသည် နိုဝင်ဘာလ၌လည်းကောင်း၊ နန်ယန်းပိုလီမှာလည်း   ဒီဇင်ဘာလ၌ လည်းကောင်း ကျောင်းဝင်ခွင့်စာမေးပွဲ လာရောက်စစ်ဆေး လေ့ရှိပြီး ယခုနှစ်၌ စာမေးပွဲကြေးအချို့မှာလည်း မြင့်တက် သွားကြောင်း သိရသည်။    မင်းသန့်