Main menu

Background

မလေးရှား စားအုန်းဆီ ဈေးမြင့်တက်

Thu, 02/06/2014 - 05:27 -- ydnar

ရင်းဂစ်ငွေကြေးတန်ဖိုး မြင့်တက်လာတဲ့အတွက် စားအုန်းဆီဝယ်ယူလိုစိတ် ကို အဟန့်အတားဖြစ်စေခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူတို့ရဲ့ ငွေကြေးစာချုပ် စာတမ်းများကို အရောင်းအဝယ်မျှနေသဖြင့် သုံးရက်ကြာတန်ဖိုး ကျဆင်းနေတဲ့ မလေးရှားစားအုန်းဆီကြိုရောင်းဈေးတွေ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ မလေးရှားနိုင်ငံရှိ စားအုန်းဆီကြိုပွိုင့်ဈေးကွက်နဲ့ လက်ငင်းဈေးကွက်တွေက တရုတ်လူနာနှစ်သစ်ကူးပွဲနဲ့ ပြည်ထောင်စုနေ့ (Federal  Territories  Day) အဖြစ် ဇန်နဝါရီ ၃၀ ရက်နေ့လည်က စပိတ်မှာဖြစ်ပြီး၊

ဖေဖော်ဝါရီ ၄ ရက်မှာ ဈေးကွက်ပြန်ဖွင့်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးနှုန်းတွေက ယခုလထဲမှာ ၄ ရာခိုင် နှုန်းလောက် ကျဆင်းမဲ့ အနေအထားကို ရောက်နေပါတယ်။ ယခုလို လအလိုက် ဈေးကျဆင်းတာက ယခင်နှစ် ဇူလိုင်နောက်ပိုင်း အနိမ့် ဆုံး ကျဆင်းတာဖြစ်ပါ တယ်။ ကျဆင်းရတဲ့ အကြောင်းအရင်းကလည်း ပို့ကုန်ဝယ်လိုအားကျဆင်းမှုက မလေးရှားနိုင်ငံရဲ့ စတော့လက်ကျန်တွေ မြင့်တက်လာလိမ့်မယ်လို့ ရင်းနှီးမြှုပ်နှံ သူတွေက ယူဆထားလို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဆောင်းရာသီကုန်ဆုံးစပြုလာပြီဖြစ်တဲ့အပြင် ရာသီဥတုပူနွေး လာ တဲ့အတွက် လာမဲ့လတွေမှာ ဝယ်လိုအားမြင့်တက်လာလိမ့်မယ်လို့ ခန့်မှန်း ထား သူတွေလည်း ရှိနေပါတယ်။ အပူချိန်ကျရင် စားအုန်းဆီက အေးခဲ တတ်တဲ့ သဘောရှိတဲ့အတွက် ကမ္ဘာ့မြောက်ပိုင်းဒေသမှာ ဆောင်းရာသီရောက်ရင် စားအုန်းဆီဝယ်လိုအား ကျတတ်ပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်မှာ ဧပြီအတွက် ကြိုရောင်းတဲ့ စံထားဈေးက ဇန်နဝါရီ ၂၉ ရက် ဈေးပိတ်ချိန်မှာ သုည ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန်ကို ၂၅၄၂ ရင်းဂစ်(၇၆၁ ဒေါ်လာ) နှုန်းရှိခဲ့ပါတယ်။ ဈေးနှုန်းက ၂၅၂၈ ရင်းဂစ်နဲ့ ၂၅၅၂ ရင်းဂစ်ကြား အတက်အကျရှိနေပါတယ်။ စုစုပေါင်း ရောင်းချတဲ့ ပမာဏ ၂၅ တန်ရှိ အတွဲပေါင်း ၃၇၄၅၃ တွဲရှိတဲ့ အတွက် ပျမ်းမျှနှုန်းထားဖြစ်တဲ့ တန် ၃၅၀၀၀ ထက်မြင့်နေပါတယ်။ တရုတ်နိုင်ငံဒါလီယံကုန်စည်ဒိုင်မှာ မတ်နဲ့ မေအတွက် ပဲပုပ်ဆီဈေးနှုန်းက သုည ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းနေပါတယ်။                             UNT