Main menu

Background

တရုတ်အဆွဲကောင်းလို့ နှမ်း၊ မြေပဲ ဈေးမြင့်

Thu, 02/06/2014 - 05:30 -- ydnar

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ ခရိုင်၊ အင်းတော်မြို့နယ်မှာ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ ဒေသ ပေါက်ဈေးမှာ နှမ်းတစ်တင်း (၁၆ ပိဿာ) ၃၆၀၀၀ ကျပ်၊ မြေပဲဆန်တစ် တင်း  ၂၈၀၀၀ ကျပ်ရှိပါတယ်။ နှမ်းမြေ ပဲ အသင့်အတင့် အထွက်နှုန်းရှိခဲ့ပြီး၊ ယခင်နှစ်ထက် ဈေးပိုရခဲ့တဲ့အတွက် တောင်သူအကျိုးအမြတ်များရှိခဲ့ကြောင်း နဲ့ ဒေသတွင်း လှောင်ကုန်သည်များ အဝယ်နည်းပြီး မန္တလေးရွှေဆားတောင် ပွဲရုံကိုအများဆုံး တင်ပို့ကြကြောင်း၊ ၎င်း မှ တစ်ဆင့် တရုတ်ပြည်ကို တင်ပို့လျက် ရှိကြောင်း၊ ပဲ၊ နှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။

ဆီစက်ပိုင်များကလည်း မိမိပိုင် နှမ်း၊ မြေပဲကို ဝယ်ကြိတ်မှု မရှိဘဲ နဝလီသာလည်ပတ် ကြိတ်ခွဲနေရပါ တယ်။ ကုန်ကြမ်း ဝယ်ကြိတ်မယ်ဆို လည်းနှမ်းတစ်တင်း ၃၆၀၀၀ ကျပ်၊ ဆီ ထွက်နှုန်း ၆ ဒဿမ ၅၀ ပိဿာ၊ ဆီ တစ်ပိဿာ ၅၀၀၀ ကျပ်ဖြစ်နေတဲ့ အတွက် နှမ်းတစ်တင်း ကြိတ်မယ်ဆိုပါ က ၃၅၀၀ ကျပ်အရှုံးပေါ်နေပြီး၊ မြေပဲ ဆီလည်း တစ်ပိဿာ ၄၀၀၀ ကျပ်ဈေး သာ ရှိတဲ့အတွက် မကိုက်ကြောင်း၊ တောင်သူများ အပ်လာတဲ့ နှမ်း၊ မြေပဲ များကိုသာ နဝလီကြိတ်ခွဲနေကြောင်း ဆီစက်ပိုင်ရှင်တစ်ဦးထံက သိရပါတယ်။ ယခင်နှစ်က  နှမ်း တစ်တင်း ၃၂၀၀၀ ကျပ်ရှိတဲ့အတွက် ဒေသတွင်း လှောင်လက်များ ဝယ်လှောင်နိုင်ခဲ့ ကြ ပါတယ်။ သည်နှစ်တော့ တရုတ်က အဆွဲများပြီး၊ မန္တလေး ပွဲရုံများက ဈေး မြင့်ပေးနေတဲ့အတွက် ဒေသခံ နယ် ကုန်သည်များ ဝယ်လှောင်နိုင်မှု မရှိ တော့ဘဲ မန္တလေးပွဲရုံများကိုသာ တင် ပို့ရောင်းချနေကြကြောင်း သိရပါတယ်။ကြည်နိုင်ဦး - အင်းတော်