Main menu

Background

တရုတ်ဝယ်လက်မျှော် မြေပဲနဲ့မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေးကွက်

Thu, 02/06/2014 - 05:31 -- ydnar

ဇန်နဝါရီလကုန်ပတ် မုံရွာဆီထွက် သီးနှံဈေးကွက်မှာ မြေပဲဈေးဆက်လက် ငြိမ်နေသလောက် နှမ်းဈေး မြောက်ခဲ့ တာတွေ့ရပါတယ်။ တရုတ်ဝယ်လိုအား ဆက်လက်ကောင်းနေတဲ့အတွက် ဈေး ကွက်ထဲဝင်သမျှနှမ်းကို အရောင်မရွေး ဝယ်လိုအားကောင်းခဲ့လို့ ယခု တစ်ပတ် မှာ နှမ်းမျိုးစုံဈေးမြောက်ခဲ့ရာ နှမ်းညို တစ်တင်း ၄၃၅၀၀ ကျပ်ထိ လည်း ကောင်း၊နှမ်းဖြူတစ်တင်း ၅၆၅၀၀ ကျပ် ထိလည်းကောင်း၊ အမြင့်ဆုံးပေါက်ခဲ့ပြီး အရောင်းအဝယ်အနေနဲ့အိတ်ရာဂဏန်း မျှသာ ရှိတော့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။

ယခုတစ်ပတ် မြေပဲဈေးကွက်မှာ တော့ ဆောင်းမြေပဲတွေ စတင် ဝင် ရောက်လာပြီး၊ အရည်အသွေးအလုံး အထည်က တရုတ် ဝယ်လက်တွေ သဘော ကျစေနိုင်လို့ မနှစ်ကလို တရုတ် ဆွဲအားကောင်းလာမှုကို မျှော် မှန်းပြီး ကုန်သည်တွေ အဝယ်စမ်းနေ ကြတယ်လို့ ဒိုင်ရပ်ကွက်ကဆိုပါတယ်။ ပေါက်ဈေးအနေနဲ့ ယခင်တစ်ပတ် ကလို မြေပဲဆန်နီတစ်ပိဿာ ၁၆၅၀ ကျပ်၊ မြေပဲလုံးဆန် တစ်တင်း ၂၆၅၀၀ ကျပ်မှာဈေးငြိမ်နေပြီး အရောင်းအဝယ် ကလည်း ပုံမှန်သာ ဖြစ်နေသေးတယ် လို့သိရပါတယ်။ ယခုတစ်ပတ် စားသုံးဆီဈေးကွက် မှာလည်း ပဲဆီတစ်ပိဿာ ၂၈၅၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၅၀၀၀ ကျပ်နဲ့ စားအုန်းဆီတစ်ပိဿာ ၁၆၀၀ ကျပ် အသီးသီးဆက်လက်ငြိမ်နေပြီး မကြာမီ ဆောင်းနေကြာတွေ လှိုင်လှိုင်ပေါ်မှ နေကြာဆီဈေးကွက် ယခုထက်ပိုမို ကျယ်ပြန့်လာဖွယ်ရှိတယ်လို့ ဒိုင်ရပ် ကွက်က ကြားသိရပါတယ်။ထွန်းလှိုင်-မုံရွာ