Main menu

Background

တစ်ပတ်အတွင်း ဘိလပ်မြေ ဈေးနှုန်းများ (4-1-2014)

Thu, 02/06/2014 - 06:41 -- ydnar

ဒီတစ်ပတ်ဆင်တံဆိပ်ဘိလပ်မြေအဝင်များ သီတင်းတစ်ပတ်ဖြစ်တဲ့ ဇန်နဝါရီ ၁၉ ရက်မှ ၂၅ ရက်နေ့အတွင်းမှာ ကန် ဒေါ်လာနှစ်ဆယ့်နှစ်သိန်းကျော်တန်ဖိုးရှိ ဘိလပ်မြေ ၂၆၁၇၆ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ ဆင် ဘိလပ်မြေ ၁၉၅၂၅ တန်နဲ့ အခြားဘိလပ်မြေများမှာ ၆၆၅၁  တန်ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ဆင်ဘိလပ်မြေအများဆုံးဝင်လာတာတွေ့ ရပါတယ်။ ယခင်သီတင်းပတ်မှာ တန်ချိန် သုံးသောင်းခြောက်ထောင်ကျော်ဝင်လာ ခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင်လျော့ခဲ့တယ်လို့ ဆိုရပါမယ်။                                                                               MIRT (DOT)

ဒီတစ်ပတ်မှာဈေးကွက်အရောင်းအဝယ်ရှိပေမယ့် ဈေးနှုန်းကတော့ ငြိမ်နေဆဲဘိလပ်မြေ
၂၀၁၄ ဇန်နဝါရီလ ၁၉ ရက်မှ  ဇန်နဝါရီလ ၂၅ ရက် သီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် နှစ်သောင်း ခြောက်ထောင် ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဘိလပ်မြေအဝင်မှာ တန်ချိန် သုံးသောင်းခြောက်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေတန်ချိန် ကိုးထောင်ရှစ်ရာကျော် အဝင်နည်းခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်က ယခင်တစ်ပတ်မှာ တန်ချိန် တစ်သောင်းတစ်ထောင်ကျော် အဝင်ရှိခဲ့ပြီး ယခုတစ်ပတ် ဘိလပ်မြေအဝင်မှာ တန်ချိန် တစ်သောင်းနှစ်ထောင် သုံးရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်လေးရာခြောက်ဆယ်ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှ ဘိလပ်မြေ အဝင်နည်းခဲ့ပေမဲ့ နယ်စပ်လမ်းမှလည်း ဘိလပ်မြေအဝင်ပိုခဲ့တယ်လို့သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့သိရပါတယ်။အရောင်းအဝယ်ပုံမှန်ရှိပေမဲ့လည်း ဘိလပ်မြေဈေးများက ငြိမ်နေ တယ်လို့သိရပါတယ်။ ဈေးကွက်ထဲပစ္စည်းပြတ်နေတဲ့ ဆင်ဘိလပ်မြေက ဒီတစ်ပတ် ဈေးကွက်ထဲပြန်ဝင်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးတွေက စိန်(ယိုးဒယား) ၆၉၀၀ ကျပ်၊ နဂါး ဘိလပ်မြေက ၅၄၀၀ ကျပ်၊ ခြင်္သေ့ဘိလပ်မြေ ၅၀၀၀ ကျပ်၊ အေသုံးလုံးဘိလပ်မြေ ၅၂၀၀ ကျပ်၊ ကျားခေါင်း ဘိလပ်မြေ ၄၉၀၀ ကျပ်၊ နဂါးဘိလပ်မြေ ၅၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့အနောက်မြို့ပတ်လမ်းမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင် မှ စုံစမ်းသိရှိခဲ့ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ တည် ဆောက်ရေး၊ဆောက်လုပ်ရေးလုပ်ငန်းများအလုပ်ကောင်းနေတာကြောင့် ဘိလပ်မြေ အရောင်းအဝယ်ကောင်းတယ်။ယခင်အပတ်မှာဈေးနည်းနည်းမြင့်ခဲ့တဲ့ ဘိလပ်မြေက ဒီတစ်ပတ်မှာလည်းငါးဆယ်ကျပ်ဝန်းကျင်ဈေးမြင့်လာတယ်လို့သိရပါတယ်။ ဈေးမြင့် လာတဲ့ ဘိလပ်မြေ များမှာ ဆင်(ထိုင်း)၊ကြံ့(မြိုင်ကလေး) ၊ စိန်(ထိုင်း)တို့ဖြစ်ပြီး မြင်းခေါင်းဘိလပ်မြေက ယခင်ဈေးနဲ့ဘဲ အရောင်းအဝယ်ဖြစ်ပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲအရောင်း အဝယ်ဖြစ်တဲ့ဈေးက ဆင် (ထိုင်း)  ဘိလပ်မြေ ၅၁၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၃၉၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ ၄၅၀၀ ကျပ်၊ စိန်ဘိလပ်မြေ ၄၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေကဒီတစ်ပတ်မှာအရောင်းအဝယ်ပုံမှန်ရှိ တယ်လို့သိရပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိပေမဲ့ ဘိလပ်မြေဈေးက ဒီတစ်ပတ် မှာ ဆင်(ထိုင်း) ဘိလပ်မြေသာဈေးမြင့်ပြီး ကျန်ဘိလပ်မြေမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ မက်စ် (မြန်မာ)၄၇၀၀ ကျပ်၊ မြင်းခါင်းဘိလပ်မြေ ၄၆၀၀ ကျပ်၊ ဆင်(မြန်မာ)၄၈၀၀ ကျပ်၊ ဆင်(ထိုင်း) ၆၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ ပဲခူးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာလည်း အရောင်းအဝယ် ကောင်းလာပြီးဈေးကွက်ထဲဘိလပ်မြေအဝင်ရှိနေပေမဲ့လည်းဈေးကနည်းနည်းမြင့်လာ ပါတယ်။ ဈေးမြင့်လာတာကလည်း တစ်အိတ်ကို လေးရာငါးရာကျပ် ဈေးမြင့် လာတယ်လို့ သိရပါတယ်။ ဒါကလည်းပစ္စည်းချဈေးကိုကဈေးမြင့်တာကြောင့်လို့ သိရ ပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ် ဖြစ်တဲ့ဈေးမှာ ဆင်(ထိုင်း) ၆၂၀၀ ကျပ်၊ စိန်(ထိုင်း) ၆၁၀၀ ကျပ်၊ ကြံ့ (မြိုင်က လေး) ၄၉၀၀ ကျပ် နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။ MIRT (DOT)