ဈေးကွက်ခိုင်မာပြီး လူကြိုက်များတဲ့ အုပ်ရှစ်ကြီး ဧရာမင်း
အရာတော်မြို့ အုပ်ရှစ်ကြီး ဧရာ မင်း ဆန်မှာ လူကြိုက်များလျက်ရှိပြီး၊ ဈေးကွက်အခိုင်အမာရရှိထားပါတယ်။ မုံရွာမြို့ပေါ်မှ "အုပ်ရှစ်ကြီး ဧရာမင်း" ဟု ဆိုင်းဘုတ်တင် ရောင်းတဲ့ ဆန်ဆိုင် အများအပြားရှိပါတယ်။ အုပ်ရှစ်ကြီး ကျေးရွာမှာ နှစ်စဉ်စပါးစိုက်ဧက ၃၀၀၀ ကျော်ရှိပြီး၊ ဧရာမင်းစပါးဟာ စိုက်ဧက ရဲ့ ထက်ဝက်ကျော်ရှိပါတယ်။
ဧရာမင်း စပါးမှာ အခြားစပါးထက် စပါးအထွက် နည်းသော်လည်း ဆန်ကြိတ်ခွဲရာမှာ ဆန်ကြိတ်ထွက်နှုန်းကောင်းခြင်း၊ ဈေး ကွက်အခိုင်အမာရှိပြီး၊ ဈေးကောင်းရရှိ ခြင်းတို့ကြောင့်စိုက်ပျိုးခြင်းဖြစ်ကြောင်း အုပ်ရှစ်ကြီးစပါးစိုက် တောင်သူများက ပြောပါတယ်။ အုပ်ရှစ်ကြီး ဧရာမင်းမှာ ဈေးကွက်အခိုင်အမာရှိပြီး၊ ဈေးကောင်း ရတဲ့ အားသာချက်များမှာ ထမင်းတက် ခြင်း၊ အပွက်ခံခြင်းကြောင်း ချက်ပြုတ် ရာမှာ လွယ်ကူခြင်း၊ ထမင်းအေးသွား သော်လည်း မာကြမ်းသွားမှု မရှိခြင်း၊ ထမင်းရဲ့အနေအထားမှာ စေးလွန်းခြင်း၊ ဖွယ်လွန်းခြင်း မရှိခြင်းတို့ ဖြစ်ပါတယ်။ အုပ်ရှစ်ကြီး ဧရာမင်းဆန်ကို အရာ တော်နယ်တွင်းသာမက မုံရွာ၊ မန္တလေး မြို့များအထိတင်ပို့ရောင်းချလျက် ရှိပါ တယ်။ဆန်၁တင်းခွဲ၁အိတ်သယ်ခအနေ နဲ့ အုပ်ရှစ်ကြီးကျေးရွာမှအရာတော်ကို ၅၀၀ ကျပ်၊ မုံရွာကို ၆၀၀ ကျပ်၊ မန္တလေးမြို့ကို ၁၀၀၀ ကျပ်ဖြစ်ပါတယ်။ အုပ်ရှစ်ကြီး ဧရာမင်း(အဟောင်း) ဆန် တင်း ၁ တင်းခွဲ တစ်အိတ်ကို ၃၇၀၀၀ ကျပ်မှ ၃၉၀၀၀ ကျပ်ဖြစ်ပြီး၊ တစ်ရက်ကို ဆန်အိတ် ၈၀၀ ခန့်စီးထွက်ပါတယ်။ ယခုနှစ်မှာ ဧရာမင်း စိုက်ခင်းများ ဆစ်ပိုး ကျပြီး၊ စပါးအထွက်လျော့ကျကြောင်း တောင်သူတစ်ဦးမှ ပြောပါတယ်။ အုပ်ရှစ်ကြီးကျေးရွာမှ တောင်သူ အချို့ မှာ ရွှေဘိုပေါ်ဆန်းစပါးပြောင်း စိုက်ဖို့ ဆန္ဒရှိကြောင်း၊ လာမဲ့နှစ်မှာ ဧရာမင်းစပါး စိုက်ဧက လျော့နည်းနိုင် ကြောင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဦးက ပြောပါတယ်။ ယခုအချိန် မှာ အုပ်ရှစ်ကြီးဧရာမင်း စပါးလက် ကျန်မှာမရှိတော့သလောက်ရှားပါးလာ ပြီး၊ စပါးအသစ်စံချိန်မီ ဧရာမင်း တင်း ၁၀၀ ကို ၆၅၀၀၀၀ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ လှချို - အရာတော်
