Main menu

Background

အဝင်လှိုင်လာပြီး ရန်ကုန် ဝယ်လက်ပါ ရှိလာတဲ့ မုံရွာပဲစင်းငုံ ဈေးကွက်

Thu, 02/13/2014 - 03:52 -- ydnar

မိုးစိုက်ပျိုးတဲ့ ပဲစင်းငုံများအားလုံး ရိတ်သိမ်းချွေလှေ့ပြီးလို့ မုံရွာကုန်စည်ဒိုင် ကို ပဲစင်းငုံအသစ်များ နေ့စဉ် အိတ်ရေ ၆၀၀၀ မှ ၈၀၀၀ ကြားဝင်ရောက်နေပြီး အဝင်လှိုင်နေပြီဖြစ်ပါတယ်။

အဝင်လှိုင်သလို ရန်ကုန် Export ဝယ်လက်များပါ အဆွဲရှိလာတဲ့အတွက် တစ်တင်း ၄၀၀ ကျပ်ခန့် မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ပထမပတ်မှာ တစ်တင်း ၁၈၃၀၀ ကျပ်အထိ ဈေးအနည်းငယ် မြင့်လာပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ လတ်တလောပဲစင်းငုံတစ်မျိုးတည်းသာ အဝင်လှိုင်နေပြီး လှောင်လက်၊ ပွဲစားနဲ့ ရန်ကုန် ဝယ်လက်များမှ  ဝယ်ယူနေပါ တယ်။ ပဲလက်ကျန်ငုံနီအဟောင်းများ လည်း တစ်တင်း၁၇၅၀၀ ကျပ်နဲ့ ပဲခွဲ စက်များမှဝယ်ယူလျက်ရှိနေကြောင်း သိ ရပါတယ်။    အောင်မင်း-တန့်ဆည်